Recent News

ရန်ကုန်ညများ..

အကြောင်းအရာ ကို ခေါင်းစဉ်အတည်အကျမရှိပဲ ရန်ကုန်ကို ထွက်လာမိခဲ့တယ်လေ.. (တကယ်က အဲဒီခေါင်းစဉ်ကို မတပ်ချင်တာပါ..)
ရောက်ခါစကတည်းက ခေါင်းတခါခါလည်တခါခါနဲ့ပဲရှိသေးတယ်..။ ယောင်ချာချာလည်း ဖြစ်ကောင်းဖြစ်သလို့.. ။ Driver ဖြစ်တဲ့အခါလည်းဖြစ်တာပဲ.. ။ ကိုယ့်ပခုံးကိုသူ့မှီနွဲ့ စဉ်းတုန်းက မမဲ့ခဲ့ဘူးဆိုရင်.။ ကိုယ့် နှလုံးသားကို သူချေမွသွားတော့လည်း မျက်ရည်ကျဖို့မကောင်းပါဘူး.။ ကျောင်းနေဖက်တွေနဲ့ အဆောင်နေရတဲ့ ဘ၀က အမေ့အိမ်ထက်ကောင်းမယ်လို့ ခင်ဗျားတို့ ထင်ပါသလား။ ပျော်စရာကောင်းပေမယ်.. ချမ်းမြေ့ မှုတော့ မရှိဘူးနော်....။ ဘာဆိုဘာမှ မစဉ်းစားဘဲ ရန်ကုန်ကိုခြေချလာတဲ့ လူတစ်ယောက်ကို ဘယ်တော့ မှ ရန်ကုန်က နွေးနွေးထွေးထွေးမကြို ဆိုခဲ့ပါဘူး.. ။ ကြိုဆိုစရာပဲမလိုလို့လားတော့မသိဘူးလေ...။ အမေ့အိမ်ကို ခြေရာဖျောက်တဲ့ သားတစ်ယောက်အတွက်တော့ ရန်ကုန်ဟာ ထောင်ချောက်ပါပဲ...။ ဒါလိုပါပဲလေ ကြာတော့ လည်း ဒုက္ခတွေနဲ့ အသားကျတတ်လာတာပေါ့.။ လှည်းတန်းကအပြန် ငါးဆယ်တောင်မရှိလို့ ဘက်စ်ကားမဆီးဘဲ သူငယ်ချင်း တတွေ ခြေကျင်ပြန်ခဲ့ရတဲ့ ရက်တွေကလည်း အမှတ်ရစရာပေါ့..။ လှည်းတန်းက ရွှေလက်ဖက်ရည်ဆိုင်ကလည်း ကျွန်တော်တို့ ဘ၀တွေ ချွေးသိပ်ရာ တစ်နေရာပဲ.. ။ သူငယ်ချင်းတွေ စုံစုံညီညီ ပေါ့ဆိမ့်တစ်ခွက်ကို လုသောက်ဖူးတယ်..။ ထမင်းသုပ်တပွဲကို နှစ်ယောက်စားတယ်.. ။ ၀မ်းတွေ ဆာပေမယ့် ဘ၀တွေ မဟာ ခဲ့ကျဘူးဗျ...။ အဆောင်အပြန် ကြယ်မထွန်းတဲ့ညတွေမှာ အမေ့အိမ်အကြောင်း ခေါင်းစဉ်ပေါင်းများစွာ စဉ်းစားမိခဲ့ဖူးတာတော့.. ။ ကျွန်တော် မညာချင်ပါဘူး ၀န်ခံပါတယ်.။ အိမ်ပြန်ဖို့စိတ်ကူးအရှိတာကတော့ အမေ့ကို မချစ်လို့မဟုတ်ပါဘူး.။ ဝေးအရပ်က သားတစ်ယောက် ဘာတွေများ အမေ့ကို ထောက်ထောက်ကူကူပြုနိုင်မှာမို့လို့လဲ...။ ရန်ကုန်မှာသာတဲ့လကလည်း အမေ့မျက်နှာလောက်မလှပ ဘူးလေ... ။ စိုင်းထီးဆိုင် အစ ကွမ်းယာဆိုင် အဆုံး ကျွန်တော်တို့ တွေ တရုံးရုံးနဲ့... ကုန်းရုန်းထလာခဲ့ကျတဲ့ညတွေ..။ အမှတ်တရာ ရွှေညတွေမှာ... ကျွန်တော်တို့ ဘ၀တွေ လင်းဝေဖြာခဲ့သေးတယ်ဗျာ.. ။ ဒါကလည်း ရံဖန်ရံခါ..ပါ.။ အမှန်အကန်တွေပဆိုပြီး ကောစမတ်တစ်တွေ အကုန်ဝယ်သုံးတဲ့ အူကြောင်ကြောင် အင်ဂျင်နီယာ တစ်ကောင်ကတော့ ကျွန်တော်တို့အဖွဲ့ နဲ့ ၀င်လိုက်ထွက်လိုက်ဗျ..။ NIVEA တရားဆွဲမယ့် အင်ဂျင်ကလေးကလည်း ကျွန်တော်တို့ခေါင်းဆောင်ပဲ....။ ရောင်တောင်တောင် ကြောင်တက်တက်နဲ့ အသည်းကွဲသမားနှစ်ယောက်လည်း  ခေါင်းစဉ်းတက်တယ် အသည်းမကွဲ ရင်မလာရတဲ့..။ ရန်ကုန်ဟာ သူမာယာတွေနဲ့ ကျွန်တော်တို့ကို တမျိုးပြီးတမျိုးလှည့်ဖြားနေတယ်ဗျာ...

မိရန်ကုန်ရေ.......

လွမ်းတယ်ဟာ အိမ်ကိုလွမ်းတာလား....

လက်မထပ်ဖြစ်မယ့် ချစ်သူတွေကို လွမ်းတာလား....

ဆိုးတူကောင်းဖက် တိုင်ပင်ပေါ်တိုင်ပင်ဖက် ဂိုဏ်းချုပ်ကို လွမ်းတာလား.....

ဘာကိုလွမ်းမှန်းမသိ လွမ်းတယ် မိရန်ကုန်ရေ......

တစ်ခါတစ်ခါ ကျွန်တော်အဲလိုတော့ ညည်းမိတယ်..။ညည်းမိတော့ ရပ်မသွားဘူး. ဆက်ဆက်ပြီးလာတယ်ဗျာ... ကျွန်တော်ဘ၀ရဲ့ ဒုက္ခဆိုတာ ရန်ကုန်မှာပဲတွေ့ဖူးတာ....

မိရန်ကုန်ရေ....

နင့်ဆီကို ထွက်လာတဲ့အချိန်ကစပြီး ဒုက္ခဆိုတာကို သိခဲ့ရတယ်....

ကိုယုံကြည်ရင်းနှီးတဲ့လူတွေကို လစ်လျူရှု့ဖုန်းပိတ်ထားချိန်မှာ

....

ကိုမမြင်ဘူးတဲ့ အွန်လိုင်းသူငယ်ချင်းတွေက ဘာလို့ ကို့ပေါ်အရမ်းကောင်း၇တာလည်း.....

လွမ်းတယ် မိရန်ကုန်ရေ ငါ အရမ်းလွမ်းတယ် မိရန်ကုန်ရာ......
ဘာပဲပြောပြောလေ ကိုယ်မြင်းကို ကိုယ်စိုင်းခဲ့တာပဲ ဘယ်တံတိုင်းကိုရောက်ရောက်ကျော်ရမှာပေါ့..... ရန်ကုန်ရေ....။

ကျွန်တော်နဲ့ နံနက်စာ ၊ နေ့လည်စာ ၊ ညစာများ...

မနက်မနက် အိပ်ရာထ
နံနက်စာဆိုတာ ဘယ်ဟာလဲမသိတာတော်တော်ကြာပြီ..
မျက်နှာကို ကပြာကရာ သစ်ပြီး ဖယ်ရီမှီအောင်လစ်ရတာလေ..

နေ့လည့်စာလား..
ရုံးမှာ မှာ အသုပ်စုံဆိုလား
လက်ဖက်ရည်ဆိုလာ မုန့်ဟင်းခါးဆိုလား
ဆိုလားတွေနဲ့ပြီးနေတာပေါ့..

ညစာကိုတော့ ..အထင်မကြီးနဲ့..
တခါတခါ ပဲပြုတ်တောင်မပါဘူး...

ဟိုအရင်တခါကတော့..ဗျာ..
မနက်စာက
အဖေ ၀ယ်ကျွေးတဲ့ အီကြာကွေးနဲ့ လက်ဖက်ရည်ကို စားမလား
အမေကြော်ကျွေးတဲ့.. ထမင်းကြော်နဲ့ ကြက်ဥစားမလား
ဒါမှမဟုတ် ဘိုးဘိုး စားဖို့ထားတဲ့ နွားနို့နဲ့ ပေါင်မုန့်မီးကင်လေးကို ကပ်ဆွဲမလား....
အဲလိုလားတွေနဲ့...ပေါ့ဗျာ.. ။ အဲဒါတွေစားတယ်လို့ ခင်ဗျားတို့က ထင်မလားမသိဘူး ဟားဟား နိုးနိုး မစားဘူးဗျ
ပိုက်ဆံအိတ်ခါးကြားထိုးပြီး လက်ဖက်ရည်ဆိုင်သွားထိုင်တာ... အဲဒီတုန်းက သူလုပ်ထားတာလေးတွေကို မစားလို့  လှမ်းကြည့်နေတဲ့ အမေ့ရဲ့ မျက်လုံးကို ကျွန်တော်မခံစားတတ်ဘူး.. မကြည့်တတ်ခဲ့ဘူး...။
နေ့လည်စာရော...ဘယ်လိုထင်လဲ “သားငယ် ကြိုက်တတ်တဲ့ ၀က်သားကို ပုန်းရည်ကြီးနဲ့ချက်ထားတာ. ပုဇွန်ဆိတ်ချဉ်ပေါင်ဟင်းလေးနဲ့ သားရဲ့.. ငပိရည်ကိုလည်း ဆလတ်ရွက်လေးနဲ့ တို့စရာလုပ်ထားတယ် ” ဖွယ်ဖွယ်ရာရာဗျာ.. အမေ့စကားက နားခါးတယ်တောင်ထင်သေးတယ် .. ။ ဂိမ်းဆိုင်ကို ဒိုး... ပေါင်မုန့်တစ်လုံးနဲ့လည်း ပြီးချင်ပြီးတာ... မပြောချင်ပါဘူးဗျာ ဒါတွေကို.... အိမ်ကိုပြန်ရောက်တဲ့ အချိန်ထိ ထမင်းပွဲ နားမှာ စောင့်နေတဲ့အမေ့ကို... ကျွန်တော် မမြင်ခဲ့ဘူး... ထမင်းမစားဘူးလားသား ဆိုတဲ့ အသံကို ကျွန်တော် မကြားတတ်ခဲ့ဘူး... ဒီမှာ ထမင်းတွေ ဟင်းတွေ အေးကုန်မှာစိုးလို့ နွေးထားတယ်လေ ဆိုတဲ့ အသံတွေ ကျွန်တော် နားကိုအပ်နဲ့ဆွနေသလိုပဲ...။
ညစာလား.. ပိုဆိုးပေါ့... အသက်လေးဆယ်ကျော်ငါးဆယ်နားနီးမှာ ညည့်နက်သန်းခေါင်မအိပ်ပဲ သားအပြန်လာကိုစောင့်နေတဲ့ အမေ့ကို ကျွန်တော် တော်တော်အမြင်ကပ်ခဲ့တာ.. အရက်ကလေးတထွေထွေနဲ့ .. ထမင်းအတင်းစားခိုင်းလို့ ပန်းကန်တွေလွင့်ပစ်တာ... စားပွဲကိုမှောက်ပစ်တာတွေ......  အမေ့ရဲ့ မနိုင်မနင်းတွဲထားတာတွေ... အဖေကြားပြီး ဆူမှာစိုးလို့ တိုးတိုးနဲ့ ကျွန်တော်ကို ကပ်တောင်းပန်နေတာတွေ.. ဘယ်သူအတွက်လဲဆိုတာကို မသိဘူးဗျ ။.. အိုဗျာ ကန်းကိုကုန်တယ်ဆိုပါတော့ မသိတတ်ခဲ့ မိသားစု ထမင်းဝိုင်းလေး...လေ အမေ့လက်ရာ... ဟင်းလေးတွေ... ထမင်းကြော် ပန်းကန်လေးတွေ... ကျွန်တော်ဘ၀မှာ ဘာနဲ့မှ မလဲနိုင်တဲ့ အရာလေးတွေလေ...... အခုကျွန်တော်လိုကောင်ကို ကံကြမ္မာက ဒဏ်ခတ်တော့ ...
မေမေရေ.. မေ့မေ့ သားငယ်ကောင်းကောင်းကြီးငတ်ပြီလေဗျာ.....။ ဘာပဲဖြစ်ဖြစ် အခွင့်အရေးတွေ ပြန်လည်ရရှိခဲ့ရင်တော့.. သားလေ မေမေပါတဲ့ လူစုံညီတဲ့ မိသားစု ထမင်းဝိုင်းလေးမှာ ထမင်းစားချင်သေးတယ်မေမေရေ...................

မှော်နွယ်နေ့စွဲများ....

ကာတော့ ကြာခဲ့ပါပြီ ဒါပေမယ်သိပ်မကြာသေးဘူး.. လွန်လေခဲ့ပြီးပေမယ်.. ခြေရာတော့ ကောက်လို့ရသေးတယ်...။ ခပ်ဝေးဝေးမှာနေပေမယ်. ငါတို့မဝေးသေးပါဘူး..။ တခါတခါ နင့်အသံကို ကြားယောင်မိလို့ ပတ်ဝန်းကျင်မှာတောင် လိုက်ရှာမိပါသေးတယ်။
ခင်ဗျားတို့ကို မေးမယ်ဗျာ... “လွမ်းဖို့ အတွက် ဘယ်သူက ချစ်ခဲ့ဖူးပါလဲ..“ ကျွန်တော်မပါဘူးဗျာ... အဲဒီထဲမှာ ကျွန်တော်က လွမ်းရမယ်မှန်းသိသိနဲ့ချစ်ခဲ့တဲ့ကောင်လေ...။ လေပြေတွေ ပြာလဲ့လဲ့ တိုက်ခတ်ချိန်မှာ.. ကျွန်တော်တို့ ၀ဲပျံရင်းတွေ့ခဲ့ကျတာပါ..။ နေရောင်ခြည်ကလဲ ခပ်ဆွေဆွေ ကျရောက်လို့ပေါ့...။ အထွေအထူးပြောစရာမလိုပေမယ့်...ငါတို့နှစ်ယောက်ရဲ့အချစ်ကို .ကန်တော်ကြီးက သက်သေခံမှာပါ... ။ နူးညံ့သိမ်မွေ့စွာ မိန်းကလေး လိုမနေတတ်တဲ့ မိန်းကလေးကို ငါ နုးညံ့စွာ ချစ်ခဲ့တယ်.. ။ နောင်တတွေ ရမှာမှန်းသိသိ နဲ့.. နောင်တကို ရဲရဲလက်ခံနိုင်အောင် ချစ်ခဲ့တာ... ။ သူများတွေပြောကျတယ်ဗျ. ။
“ချစ်သူလက်တဖက်ကို ဆွဲကိုင်ထားတာ ကမ္ဘာတခြမ်းကို ပိုင်ဆိုင်ရသလိုပဲတဲ့..“
ကျွန်တော်က သူတို့ကို ဟားတိုက်ရင်းပြောလိုက်ချင်တယ်..။
ကျွန်တော်ကလေ.....
“ အကြည့်တစ်ချက်နဲ့တင်... စကြ၀ဠာတစ်ခုလုံးကို သိမ်းပိုက်ရဲတယ်ဗျာ..“ ကျွန်တော်ပြောတဲ့ အချစ်မှာ သင်္ကာမကင်းစရာတစ်ခုမှမပါခဲ့အောင် ကျွန်တော်တို့ ဖြူစင်ခဲ့ကျပါတယ်..။ နေ၀င်ချိန်တွေကို အတူတူထိုင်ရင်း ကောင်းကင်က တိမ်တွေကို ငေးကြည့်ချင်တာကတော့ စိတ်ကူးသက်သက်ရယ်.။ ကန်ဘောင်မှာအတူတူထိုင်ဖို့ စိတ်ကူးမရှိပေမယ့်... လပြည့်ညတွေမှာ ချစ်သူကို ရင်ခွင်ထဲမှာထားရင်း..လမင်းကြီးဆီက ထမင်းဆီဆမ်းရွှေလင်ပန်းကို မတောင်းဘဲ.... ကဗျာတွေ ရွက်ပြချင်တဲ့ စိတ်ကူးကတော့.. ဝေ့၀ဲစွာတိုက်ခိုက်လာတဲ့ လေစိမ်းတွေအောက်မှာ..လွင့်ပါးစွားပျောက်ဆုံးခဲ့တယ်..။ အစကတည်း ဇာတ်သိမ်းကို ကြိုသိပေမယ်.. ဘ၀စာမရတောင် တခဏတာ ချစ်ကြည့်မိခဲ့တာ.. ။ တကယ်တော့ အစကတည်းက နှစ်ယောက်စလုံးက
အဖြေမရှိတဲ့ ပုစ္ဆာကို အဖြေညှိ ကြည့်ခဲ့တာ....လေ.. နောက်ဆုံးတော့လေ... အကြွင်းကျန်ဖို့ နေနေသာသာ သုညအောက် အနုတ်တောင် အထည့်ခံလိုက်ရတဲ့ ဘ၀ ကံကြမ္မာတရားက အတိအကျကို စားသွားခဲ့တာလေ..။ အချစ်က ... ငါတို့နှစ်ယောက်ကို ပြုစားဖို့ သူ့လက်တွေကို ဘယ်နတ်ဘုရားဆီ ဖြန့်မိုးတောင်းခံခဲ့တာလဲ မသိဘူး.. ငါတို့လည်း ရီဝေမှောင်မိုက်စွာ ယစ်မူးခဲ့တယ်..။ နောက်ဆုံးတော့လည်း အားလုံး ပြိးဆုံးသွားခဲ့တာပဲလေ.....

တကယ့်တကယ်တော့ ကျွန်တော်ဟာ အဲဒီနေ့ ရက်တွေမှာ မဖူးပဲ ပွင့်ခဲ့ရတဲ့ကောင်မို့..... မှောင်နေခဲ့တာပါ......

အချစ်ဆိုတာရဲ့ နောက်မှာ ...
ကျွန်တော် မကြောက်တဲ့ အလွမ်းဆိုတာအပြင်..
နာကျင်ကြေကွဲမှုတွေ ရှိနေမယ်ဆိုရင်တော့..
စိမ်းကားချင်းမပါသရွှေ...
ကျွန်တော် မှားပါစေ ....
နောင်တမရဘူး......။


ကျွန်တော့ကို မှော်နွယ်နေ့စွဲများပေးခဲ့တဲ့ သူကို အမှတ်တရ သတိရမိလို့ပါ....

နှင်းဆီ...

လင်းဝေတဲ့ အကြည့်တွေ..
သင်တုန်းဓားလို့ စူးရှ ထက်မြတ်တဲ့ အသံ...
......................................
မာကျောတဲ့ စိတ်ဓါတ်တွေနဲ့ ကျွန်တော်သူမ ကို ပုံဖော်ကြည့်မိခဲ့ပါတယ်.. ။ ပြောပြရင်ယုံနိုင်မလားမသိဘူး.. ကျွန်တော်စိတ်ကူးထဲက သူမထက် အပြင်က သူမက ပိုမိုလို့တောင်.. သာလွန်နေပါတယ်...။ သူမနဲ့ ညနေ ခင်းမှာ အရာရာ ဟာ ကဝေဆန်အောင်လှပနေပါတယ်.။ ရီဝေတဲ့ မျက်လုံးအကြည့်တစ်ချက်နဲ့တင် ကျွန်တော်ကို သိမ်းပိုက်သွားတယ်လေ... ။ ရယ်သံလွင်လွင်လေးကို ကြားလိုက်ရတဲ့အချိန်မှာတော့...အရာရာကို စွမ်းဆောင်ဖို့ ကျွန်တော် အသင့်ဖြစ်နေခဲ့ပြီ..။  ကျွန်တော်ပြောခဲ့ ဖူးတယ် အကြည့်တစ်ချက်နဲ့ စကြာဝဠာတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့တယ်... ။ အဲဒါအချစ်ပဲ ထင်ရဲ့...။ အရာရာကို မာကျောစွာနဲ့ ရင်ဆိုင်ကျော်ဖြတ်တတ်တဲ့ သူမဟာ.. ကျွန်တော် အပေါ်မှာ တော့ ကလေးတစ်ယောက်လိုနူးညံ့ပြီး အပြစ်ကင်းစင်နေတတ်ပါတယ်.. ။ သူမဆီက ချွဲ့ နွဲ့တဲ့ စကားတွေ ကြားရလိမ့်မယ်လို့.. မြော်လင့်မထားခဲ့တာတော့လည်း ကျွန်တော်အလွန်မဟုတ်ပါဘူး..။ ကြယ်စုံညတွေလို့.. ချယ်ရီတွေ အပြုံလိုက်ဝေကျနေသလို့... လင်းဝေသစ်ရှ တဲ့ နေခြည်အောက်မှာ... စံပယ်တွေလှိုင်နေသလို့...မျိုး. နှင်းဆီနဲ့ တူတဲ့ သူမကို ဆူးမညှိဘဲ ကျွန်တော် မြတ်နိုးတပ်မက်စွာ နမ်းရှိုက်ခဲ့ပါတယ်..။ ဘုရားသခင်လက်တော်ထဲက ပန်းတစ်ပွင့်လို ကျွန်တော်တို့ နေ့ ရက်တွေဟာ.. နုနယ်ပျိုမျစ်လွန်းခဲ့ပါတယ်...။ ညနေခင်းတွေတိုင်း ညဘက်တွေတိုင်း... အတူရှိနေခဲ့တာပေါ့. ။ အတူရှိခဲ့တယ်ဆိုတာ ကျွန်တော်တို့ နှစ်ယောက်ရဲ့ ရင်ခုန်သံတွေ နီးစပ်နေခဲ့တာကိုပြောတာပါ..။

“ဒုက္ခနဲ့ တခါတွေ့တိုင်း ချစ်သူလက်ကို တစ်ခါကိုင်ပါရစေ”တဲ့..။

ကျွန်တော်အတွက် အသံတစ်ချက်၊ မျက်စောင်းတခါ ၊ ဘယ်အရာမဆို ဘ၀ဖြစ်နိုင်ရဲ့ဗျ...။ ပိုတယ်ဆိုရင် ကျွန်တော်လွန်တယ်လို့မှတ်လိုက်ပါ..။ ယောကျာ်းတိုင်းရဲ့ ဘ၀မှာ အမေပြီးရင် သူ့ချစ်သူဟာ အခမ်းနားဆုံးမိန်းမဆိုတာကိုတော့ ငြင်းချက်ထုတ်မယ်သူ့ခပ်ရှားရှား...။ အဲဒီ ခပ်ရှားရှားထဲမှာမှ ကျွန်တော်က အဲဒါကို ခပ်များများပါတဲ့သူလေ....

ပြိုကွဲတဲ့ ညနေခင်းဟာ.. မာန်နတ်ရဲ့ ကျိန်စာ ကျမ်းပိုဒ် တစ်ချက်လို... မီးဟုန်းဟုန်းတောက်ကာ.. ဟူးဟူးဟားဟား ရယ်သံတွေနဲ့ တစ္ဆေတစ်ကောင်လို့.. ကျွန်တော်နှလုံးသားကို ရက်စက်စွာ ကုတ်ခြစ်ခဲ့တယ်.။ မီးဟုန်းဟုန်းတောက်အောင် လောင်မြိုက်ခဲ့တယ်..။
ကျွန်တော်လေ ကျွန်တော့်... သူမလက်ချက်နဲ့ပဲ အနက်ရှိုင်းဆုံးထိုးကျတယ်...။ ရုတ်ချည်းဆိုသလိုပဲ... သူမရဲ့ ကြိုးဆွဲချက်နဲ့ ကံကြမ္မာက ကျွန်တော်တို့ကို စည်းခြားပစ်လိုက်တယ်....။ ကျွန်တော်တို့ ကြားမှာရှိတာတွေကတော့ ဒဏ္ဍာရီ တစ်ခုလိုကို ကြွင်းကျန်နေခဲ့မှာပါ...။ ကျန်ခဲ့တဲ့ ကျွန်တော်ဘ၀မှာ ပင်လယ်ကိုတောင် လှုပ်နှိုးဖို့ အင်အားမရှိတော့ပါဘူး...။

ဒါပေမယ့်လေ..အသည်းကြားထဲက ပွင့်ခဲ့နှင်းဆိတစ်ပွင့် မိုးမြင့်ဆီ ပျံပါစေ... ကျွန်တော်ဝေနေတုန်းပါပဲ..။ အဲဒါကြောင့် ကဗျာဆရာတွေကပြောကျတာ.......
“အရှုံးပါပဲ.....ဒါပေမယ့်.. သဘာဝကျလွန်းတဲ့အခါမှာ ..
သိမ်းထားချင်အောင်လှတယ်“ တဲ့..

သဘာဝကျလွန်းတဲ့ ကျွန်တော့်ရဲ့ အရှုံးကို ကျွန်တော်သိမ်းထားဦးမှာပါ..။ ဒါပေမယ့်လေ.....

”နှင်းဆီမခူး
နှင်းဆူးလာညှိ
သူ့အညှိုးလား
ငါ့အဆိုးလား”

လားဆိုတာကိုတော့......................

သောက်စရာအရည်နဲ့ လူ့ဘဝ

လူငယ်တော်တော်များများက ဘိလပ်ရည် (ကိုကာကိုလာ၊ စပရိတ်၊ ပက်စီ)ကို ကြိုက်ကြတယ်။ အဲဒီအရည်တွေက ချိုတယ်၊ စူးရှတယ်၊ ပြောင်းလဲမှုများတယ်။ လူငယ်တွေက သောကအရသာကို သိပ်မသိကြဘူး။ လူ့ဘဝရဲ့ ချဉ်၊ ခါး၊ ဖန်၊ စပ် အရသာကို နားမလည်ကြသေးဘူး။ သူတို့သိတာက ချိုတဲ့အရသာပဲဖြစ်တယ်။ သူတို့အကြည့်ထဲမှာ လောကကြီးဟာ အရသာစုံတဲ့ဘိလပ်ရည်ကြီးဖြစ်တယ်။

အရွယ်ရောက်လာတော့ လုပ်ငန်းခွင်ထဲဝင်ရပြီ။ ချစ်သူလည်း ရပြီ။ ဒီအချိန်မှာ ဘိလပ်ရည်ကနေ ကော်ဖီကို သူ စပြောင်းသောက်တယ်။ ကော်ဖီက ခါးတယ်၊ ချိုတယ်၊ မွှေးတယ်၊ ဖန်တယ်။ သူ့ကို ကြီးပြင်းရင့်ကျက်တဲ့ စိတ်လှုပ်ရှားပျော်ရွှင်မှုကို ခံစားစေတယ်။ အပြောင်းအလဲများပြီး ရှုပ်ထွေးတဲ့သူ့စိတ်နဲ့လည်း လိုက်ဖက်တယ်။ သူ့မှာရုန်းကန်နိုင်တဲ့ စိတ်ပြင်းပြမှုတွေ၊ အတွေးတွေရှိတယ်။ တစ်အိုးတစ်အိမ်ထူထောင်မယ့် လိုအပ်ချက်နဲ့ မျှော်လင့်ချက်လည်းရှိတယ်။ ဒါပေမဲ့ အလုပ်အကိုင်နဲ့အချစ်က သူ့ကို သောကတချို့ ပေးကောင်းပေးလိမ့်မယ်။ တစ်ခါတလေ အပြုံးနဲ့ သူမျက်ရည်ကျတတ်တယ်။ တစ်ခါတလေ အငိုနဲ့ သူရယ်မောတတ်လာတယ်။ သူခံစားရတယ်၊ သူငိုကြွေးရတယ်။ ကော်ဖီလို ချိုလိုက်၊ ခါးလိုက်၊ ဖန်လိုက်၊ မွှေးလိုက်.... ဒါပေမဲ့ ဒီလိုခံစား၊ ငိုကြွေးရတာကို သူပျော်နေတတ်တယ်။

လူလတ်ပိုင်းရောက်လာတော့ ရေနွေးကြမ်းသောက်တာကို သူနှစ်သက်လာတယ်။ ရေနွေးကြမ်းထဲက လက်ဖက်ခြောက်နံ့က သင်းလိုက် ပျောက်လိုက်၊ အချိန်အတိုင်းအဆမဲ့ ငြိမ်သက်အေးချမ်းတယ်။ ရေနွေးကြမ်းကိုသောက်လိုက်ရင် လျှာပေါ်မှာ ခါးသက်မွှေးကြိုင်တဲ့ရနံ့ တင်ကျန်ခဲ့တယ်။ နေရာတစ်ခု အတည်တကျရှိနေပြီဖြစ်တဲ့သူ့ဘဝမှာ သဘာဝမကျတဲ့၊ လက်တွေ့မဆန်တဲ့အမြင်ဆိုတာလည်း မရှိတော့ဘူး။ နောက်ပြီး နေဝင်ရီတရောမှာ ဆည်းဆာနေရဲ့အလှက တာရှည်မခံဘူးဆိုတဲ့ သဘောတရားကို သူနားလည်လာတော့ ဘဝထဲက တစ်စက္ကန့်၊ တစ်မိနစ်ကို သူတန်ဖိုးထားတတ်လာခဲ့တယ်။ သူ့ရဲ့နေ့ရက်တိုင်းကို ရိုးရှင်းပျော်ရွှင်တာနဲ့ပဲ သူကုန်ဆုံးစေခဲ့တယ်။

အရွယ်အိုမင်းလာတော့ ရေသောက်ရတာကို သူနှစ်သက်လာတယ်။ ရေထဲမှာ အချိုမပါဘူး။ ကော်ဖီမပါဘူး။ လက်ဖက်ခြောက်မပါဘူး။ ရိုးရိုးပလိန်းကြီးဆိုပေမယ့် နည်းနည်းချင်းငုံသောက်ရင် ချိုမြမြအရသာကို ရတယ်။ လူ့ဘဝမှာ သူမြင်တွေ့ခဲ့ဖူးတဲ့ အတက်အကျ ဒီရေလှိုင်းတံပိုးတွေ၊ သူတွေ့ကြုံခဲ့ဖူးတဲ့ အောင်မြင်၊ ကျရှုံးမှုတွေ ဒါတွေအားလုံးဟာ မျက်စိရှေ့က အခိုးအငွေ့တွေဖြစ်ခဲ့ကုန်ပြီ။ ကုလားထိုင်ပေါ် သူမှီထိုင်ရင်း နောက်ကြောင်းကို ဖြည်းဖြည်းချင်း ပြန်စဉ်းစားကြည့်မိတယ်။ အရာအားလုံး အားလုံးက ရေလို အရသာမဲ့ရိုးရှင်းနေခဲ့ပြီ..........

နိုင်းနိုင်းစနေ

အချစ်အတွက်အသက်ပင်သေသေ...

There was a girl named Becca and a boy named Joe. Becca was in a burning house. None of the firefighters could get in the house because the fire was too big. Joe dressed in one of the fire suits and got into the house. When he got up the stairs, the steps fell off behind him. When he got into her room he sealed the door up behind him. He held her tight, kissed her, huged her, then said that he loved her. She asked what was wrong, and he said that he was going to die. Her eyes widened as she began to cry. He picked her up and jumped out of the four story house. He landed on his back with her on top of him. He died to save her life.



ကျွန်တော်သူငယ်ချင်းအချစ်သူရဲကောင်းကြီးသို့....

ဆရာဒေါင်းနွယ်ဆွေ ရဲ့ကဗျာလေးတစ်ပဒ်ပါ

အပွင့်ကိုခူး
အဖူး ငါ့မှာ ကျန်သေးတယ် …

အဖူးကို ဖျက်
အခက် ငါ့မှာ ကျန်သေးတယ် …

အခက်ကို ချိုး
အရိုး ငါ့မှာ ကျန်သေးတယ် …

အရိုးကို နှုတ်
အငုတ် ငါ့မှာ ကျန်သေးတယ် …

အငုတ်ကိုပယ်ရွေ့
မျိုးစေ့ ငါ့မှာ ကျန်သေးတယ် …

မနက်ဖြန်ဆို ငါပင်ပျိုသည်
ဝေစည်စိမ်းလျှက် သီးပွင့်ရွက်နှင့်
ခက်လက်ဝေဆာ မြေကမ္ဘာမှာ
သာယာဝင့်လန်း မေတ္တာဖျန်းပြီး
ငါ့လမ်း ငါလျှောက်နေဦးမယ် … ။

ဒေါင်းနွယ်ဆွေ

လူမသတ်နဲ့ ညှာတာပါ..

မေမေ.....မေမေ.... မေမေ..
မေမေရေ သားက မေမေ့ ကလေးပါ။ သြော် .. မေမေကတော့ သားကိုဘယ်သိ၇ှာမှာတုံး ။သားက
အခုမှ သုံးပတ်ပဲရှိသေးတာကို ..။ စိတ်မပူပါနဲ. မေမေရယ် .. နောက်တော့
သားကိုမေမေ တွေ.လာမှာပါ ။ မေမေ့ကိုလေ သားအကြောင်းလေးကို သားကိုယ်တိုင်
နဲနဲပြောပြချင်တယ် .. နားထောင်ပေးနော် မေမေ။

သားနာမည်က မိုးမိုးလို.ခေါ်တယ် မေမေရဲ.။ သားမှာလေ
မျက်ခုံးလှလှလေးတွေရှိတယ်.. နက်မှောင်တဲ့ ဆံပင်ကောက်ကောက်လေးတွှေရှိတယ်။
အခုတော့ သားမှာမရှိသေးဘူးပေါ့ .. ဒါပေမယ့် သားမွေးလာရင် တော့ရှိလာမှာ
မေမေရဲ. ။
သားမွေးလာရင်လေ .. သားက မေမေ့ရဲ. တစ်ဦးတည်းသော သားလေးဖြစ်လာမှာ ။
"ဒီသားအမိနှစ်ယောက် အကဲကိုပိုလွန်းတယ်" လို. မေမေနဲ.
သားချစ်ကြမှာကို ပတ်ဝန်းကျင်က အဲ့လိုပြောကြမှာ မြင်ယောင်သေး ဟိဟိ ။ သား
ဖေဖေ့ကိုတောင် မလိုဘူးလို.ထင်တယ် .. ဖေဖေ တောင်းပန်ပါတယ်နော် ..

သားစော်ကားတာမဟုတ်ပါဘူး.. ဘာလို.လဲ ဆိုတော့ သားကလဲ အမေ့ကို အရမ်းချစ်တယ်

..မေမေကလဲ သားကိုအရမ်း ပြန်ချစ်မယ်လို. သားထင်တယ်။ မေမေ

သားကိုအရမ်းချစ်တယ်မလားဟင် ?? သားတို. သားအမိနှစ်ယောက်လုံး တူတူ

ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး ဘ၀ကိုဖြတ်သန်းကြမယ်လေ ။


သားကတိပေးပါတယ် မေမေရယ်...

ဒါနဲ.လေ သားကြီးလာရင်လေ .. သား ဆရာဝန်ကြီး သိပ်ဖြစ်ချင်တာ မေမေရဲ. ...
အထူးကု သမားတော်ကြီးလာရင်လေ လူနာတွေ

အသက်ကိုကယ်နိင်မှာဗျ .. သားတွေးရင်းနဲ. ပျော်နေပြီ မေမေရယ် ...


ဟောဗျာ ... ဒီနေ.ပဲ မေမေ့ ဗိုက်ထဲမှာ သားရှိနေတာ မေမေသိသွားပြီ ။ မေမေ

သိပ်ပျော်နေတယ်နော် .. မေမေဘယ်သူကိုမှ မပြောဘဲ မနေနိင်အောင်ဖြစ်နေတယ်နော်

... မေမေ မျက်နှာလေးပေါ်မှာ အပြုံးပန်းတွေ ဝေနေတာ သားမြငရတယ် မေမေ..။

အဲ့အပြုံးလေးတွေ ဟာ သားဘ၀မှာ ပထမဆုံး မြင်ရတဲ့ အပြုံးလေးပါ ..


အဲ့ဒီ့အပြုံးလေးဟာ သားဘ၀မှာ အကောင်းဆုံး အပြုံးလေး ပါ မေမေရယ်...


အဲ့နေ.မှာပဲံ ချက်ချင်း မေမေ ဖေဖေ့ကို သားအကြောင်း ပြောပြလိုက်တယ်လေ။
မေမေက အရမ်းကို

စိတ်လှုပ်ရှားနေတာလေ .. ဒါပေမယ့်လေ .. ဖေဖေက မေမေ့လို မဟုတ်ဘူးဗျ။ သူက

မကြိုက်တဲ့ အမူအရာပြနေတယ်ဗျ။ ပျော်တဲ့ပုံလဲ ပေါက်ဝူး ။


မေမေ့ရေ လုပ်ပါဦး ဖေဖေ့ က စိတ်ဆိုးတဲ့ မျက်နှာကြီးဖြစ်လာပြီ ..
သားကြောက်လာပြီနော် မေမေရယ်...

တကယ်တော့ ပျော်ရမှာ မဟုတ်ဘူးလားဟင် မေမေ??

ဖေဖေ စပြောပါလေရော .. အဲ့စကား ဘယ်လိုခေါ်ပါလိမ့် ?? သြော် .. သားသိပြီ

ဟိုဟာလေ.. " ဗျစ် တောက် ဗျစ် တောက် " ဆိုလားပဲ။ ထားပါတော့လေ။ သူပြောတဲ့

စကားတွေထဲမှာ ပိုက်ဆံအကြောင်း ၊ ကုန်ကျ စရိတ်တွေအကြောင်း

ဘာတွေမှန်းမသိဘူးဗျ .. စုံနေတာပဲ ။ သားတော့ တစ်ခုမှ နားမလည်ဘူးမေမေ။

အဲ့ဒါဘာတွေ ပြောနေတာလဲဟင် ... ပိုက်ဆံဆိုတာ ဘာကြီးလဲဟင် ?? ထားလိုက်ပါ

မေမေရယ် ။ နောက်တော့ သားသိလာမှာ မလား ဟိဟိ .. ကျောင်းတက်ရင် ဒါတွေ

နားလည်လာမှာပါ။ သားလေ ကျောင်းအရမ်း တက်ချင်နေပြီ မေမေရယ် ..


ဟာ ဟာ ဟာ..... ကျွန်တော်ဒါတွေ တွေးနေတုံး မှင်သေသေသွားတယ်..

ဖေဖေက မေမေ့ကို လှမ်းရိုက်လိုက်တယ် ..

မေမေနောက်ကို လန်ကျသွားတယ်ဗျ .. မေမေက လက်ထောက်ပြီး သားကို ကာကွယ်လိုက်တယ်လေ...

သားက တော့ ဘာမှတော့ မဖြစ်ပါဘူး မေမေရယ် ..


သားလေ အမေ့အတွက် လုံးဝကို စိတ်မကောင်းဘူး မေမေရယ် ..

ပြီးတော့ မေမေ စပြီး ငိုပါလေရောဗျာ .. သားလေ အဲ့အသံကို လုံးဝ မကြိုက်ဘူးဗျာ..

အရမ်းမုန်းတာပဲ .. ဘယ်လို အသံလဲတော့ သားမသိဘူး .. မေမေ့ ပါးစပ်ကထွက်သမျှ

အသံတွေထဲမှာ အဲ့ အသံကို သားလုံးဝ မကြိုက်ဘူး မေမေရယ် .... ။ ဖေဖေ က

မေမေ့ကို " တောင်းပန်ပါတယ်ကွာ .. ကိုယ်မှားသွားတယ် .. မင်းကို ချစ်ပါတယ်"

လို.ပြောပြီး မေမေ့ကို ဖက်ပြီး နှစ်သိမ့်တယ်။


သားလေ တကယ်ရူးချင်လာပါပြီ မေမေရယ် .. ချစ်တယ်ဆိုရင် ဘာလို.ရိုက်သေးလဲဟင် ..

သားနားမလည်နိင်တော့ပါလား မေမေရယ် .. ခေါင်းတွေတောင် မူးလာပြီ..


မေမေ.. သားကို မေမေ မြင်ရပြီလားဟင် ?? မေမေ့ ဗိုက်လေး ပူလာပြီနော် .. ။ မေမေလေ

ဖွားဖွားနဲ. Shopping ထွက်ပြီး အ၀တ်အသစ်တွေ ၀ယ်တယ်လေ .. မေမေ့ဗိုက်လေး

ပူလာတော့ အကျီ်တွေ မတန်တော့ လို.လားဟင် ?


မေမေ သားကို သီချင်းလေးတွေ ဆိုပြတယ် .. သားဘ၀မှာ အဲ့အသံက
အချိုမြိန်ဆုံးပါပဲဗျာ ... နားထောင်လို.ကို မ၀ဘူး မေမေရယ် ..

မေမေ။ သားကို စောင့်နေနော် သားမကြာခင် လူ.လောကထဲ လာခဲ့မယ် .. သားမွေးလာရင်လေ

အမေ့အတွက် သားအကောင်းဖြစ်အောင်လုပ်မယ် မေမေရယ် ... စိတ်ချပါ.. မေမေ့ကို

သားရင်ထဲ အသဲ ထဲက ကို ချစ်မှာပါ ။



မေမေရေ .. သားအခု ခြေထောက်လေးတွေ လက်လေးတွေ လှုပ်လို.ရပြီဗျ ..
သားဘာလို.လှုပ်လဲသိလား ?? မေမေက ဗိုက်ပေါ်လက်ကလေးတင်ပြီး ပွတ်တဲ့အခါဆိုရင်

သားကလဲ လက်လေးတွေ ခြေလေးတွေ လှုပ်ပြီး အချက်ပေးတာပေါ့ ဟိဟိ ပျော်လိုက်တာ

.. မေမေနဲ. သားနဲ. ကစားနေတာလေ ..။



ဒီနေ. ဖေဖေက မေမေ့ကို လာတွေ.တယ် .. သားကြောက်တယ်မေမေရယ်။ ဖေဖေ ဘာတွေ
အထူးအဆန်းလုပ်ပြီး လျှောက် ပြောနေလဲမသိဘူး မေမေ။ သူက မေမေ့ကို မလိုဘူးတဲ့

ပြီးတော့ သူက မေမေ့ကို ရိုက်ပြန်ကော .. ပြီးတော့ မေမေနဲ. ဖေဖေ စကားတွေ

များကြတယ်လေ ..


သားအရမ်းကို ဒေါသထွက်တာပဲဗျာ .. ဖေဖေ့ကို မုန်းတယ်။ မေမေ စိတ်သာချထားလိုက်

.. သားမွေးလာရင်လေ မေမေ့ကို ဘယ်သူမှ အနိင်မကျင့်စေ ရဘူး ..

သားကာကွယ်ပေးမယ့် ။ ဖေဖေ တကယ်ဆိုးတယ်ဗျာ .. မေမေက သူ.ကို လူကောင်းလို.

ထင်ထားလားမသိဘူးဗျာ .. သားအတွက်ကတော့ တော်တော်ဆိုးတယ်။ သားချစ်တဲ့ မေမေ့ကို

သူရိုက်တယ်လေ။ ပြီးတော့ သူကပြောတယ် .. သားကို မလိုချင်ဘူးတဲ့ ။ သူက

သားကိုဘာလို. မုန်းနေတာလဲ ဟင်။ သားမှာ ဘာများ အပြစ်ရှိလို.လဲ ဟင် ။ သားကို

ရှင်းပြပါဦး မေမေရယ် .. သားသိချင်လို.ပါဗျာ ... ။



"မေမေ.. မေမေ... မေမေ.." သားခေါ်နေတာကြားလားဟင် မေမေ။ ဒီည မေမေ သားကို
ဘာမှလဲ မပြောဘူးနော်..

မေမေဘာဖြစ်နေတာလဲ ဟင် .. မေမေ နေကောင်းရဲ.လား ဟင် ?? သားစိတ်ပူလို.ပါ


အခုဆို မေမေ ဖေဖေနဲ. တွေ.တာ သုံးရက်ကြာသွားပြီနော်..။ မေမေ အဲ့နေ.က စပြီး

သားကိုဘာမှမပြောတော့ဘူး ၊ သားကိုလဲ မကိုင်တော့ဘူး ၊ မေမေ

သားကိုဂရုမစိုက်တော့ဘူး ။


မေမေ သားကိုကော ချစ်သေးရဲ.လားဟင်?

ဘာပဲ ဖြစ်ဖြစ် သားကတော့ မေမေ့ကို ချစ်နေမှာပဲ..

သား မေမေအိပ်နေတဲ့ အချိန်ဆို အရမ်းပျော်တယ်သိလား .. ဘာလို.လဲဆိုတော့ မေမေက

အိပ်ရင် ဗိုက်ပေါ်လက်တင်အိပ်တဲ့ အကျင့်ရှိတယ်လေ.. သားကိုဖက်ထားတယ်လို.

သားခံစားရတယ် မေမေရယ်...။


ဒါတွေက မေမေအိပ်နေတဲ့ အချိန်မှာပါပဲ .. မေမေနိးနေတဲ့ အချိန်မှာ ဘာလို.

အဲ့လိုမလုပ်တော့တာလဲ မေမေရယ်.. အရင်တုံးကလို ဘာလို . မလုပ်တော့တာလဲ

မေမေရယ် .. သားငို ချင်လာပြီနော်.. ။


သားလေ အခုဆို ၂၁ ပတ်ရှိပြီ မေမရေဲ. ။ မေမေ သားအတွက ဂုဏ်မယူ ဘူးလားဟင်
..?? သားတို. ဒီနေ. နေရာသစ်ကို

သွားမယ်လို. မေမေနဲ. ဖွားဖွား ပြောနေသံကြားတယ် .. သားတော့

အဲ့နေရာတော့မသိဘူး .. ဒါပေမယ့် ပျော်လိုက်တာ မပြောပါနဲ.တော့ ...


အဲ့နေရာက ဆေးရုံလို. ခေါ်တယ်လို. ပြောတာပဲ .. သားတော့ သိဝူး .. သိလဲ
သိချင်ပါဘူးလေ ။ မေမေနဲ. တူတူ၇ှိနေရင် သားပျော်ပါတယ် မေမေရယ်...။

သြော် သားသိပြီ ဆေးရုံဆိုတာ ဆရာဝန်တွေ၇ှိတဲ့ နေရာမလား ? မေမေ့ကို

သားပြောဖူးပါတယ် .. သားကြီးလာရင် ဆရာဝန်လုပ်မယ်ဆိုတာလေ... အခု

သားအဲ့နေရာကို သွားရမယ်ဆိုတော့ အတိုင်းမသိ ၀မ်းသာနေတယ်

မေမေရယ်..စိတ်လဲလှုပ်ရှားနေတယ်

ဗျာ ။ မေမေ့ကို ပြောပြချင်လိုက်တာဗျာ .. ဟိဟိ ...။


မေမေ .. သားတဖြည်းဖြည်း ကြောက်လာပြီ.. ။ မေမေ့ နှလုံးခုန်သံ
တွေမြန်လာသလိုပဲနော်..။မေမေ ဘာတွေတွေးနေတာလဲ တော့ မသိဘူး .. ဒါပေမယ့် သား

လေးစားရတဲ့ ဆရာဝန်ကြီးက မေမေ့ကို ဘာတွေလဲ မသိဘူးပြောပြနေတယ်ဗျ ..။

သားသိနေတယ်နော် မေမေ... တစ်ခုခုတော့ ဖြစ်တော့မယ်ဆိုတာလေ။ သားကြောက်လာပြီ

မေမေရယ် .. တကယ်ပြောတာပါ .. ကြောက်လာပြီ.. ။ မေမေ.. သားကို ချစ်တယ်ဆိုတဲ့

စကားလေးသာ ပြောပေးပါဗျာ .. သားအဲ့ဒါဆို စိတ်အေးသွားမှာပါ ။ တောင်းပန်ပါတယ်

မေမေရယ် .. ပြောပါ ပြောပါ။


သားကတော့ မေမေ့ကို အရမ်း အရမ်း ချစ်တယ်လို.ပြောချင်တယ် မေမေရယ်..။


မေမေရေ .. သားကိုကယ်ပါဦး .. !!! သူတို.သားကို ဘာတွေလုပ်နေလဲ မသိဘူး

..သားဆရာဝန်ကြီးတွေကို မုန်းသွားပြီ .. ဆရာဝန်ကြီး မဖြစ်ချင်တော့ဘူး ..

မေမေ့.. သားနာလို.ပါ မေမေရယ် .. ကယ်ပါမေမေရယ် .. သူတို.ကို ရပ်ခိုင်းပေးပါ

မေမေရယ် .. သားမခံနိင်တော့ဘူး အား!! အား!! အား!! နာတယ် နာတယ်!! ...

မေမေ့ကို ချစ်.. ချစ် ..ချစ်... တယ်... တယ်..

နော်..........................
...


/iv./iv./iv./iv/iv./iv/
iv...../iv ....
______________________________________ (Heart Beats)


မေမေ.. သားအခု အန္တရယ် ကင်းသွားပါပြီ မေမေရယ် .. သားအခု နတ်ပြည်မှာလေ
နတ်သား နတ်သမီးလေးတွေနဲ. အတူတူရှိနေပါတယ်မေမေ။ Angle လေးတွေက မေမေ

ဘာလုပ်လိုက်လဲဆိုတာ သားကိုပြောပြတယ်.. မေမေ ကိုယ်ဝန်ဖျက်ချ လိုက်တာတဲ့ (

Abortion )



မေမေရယ် ... လုပ်ရက်လိုက်တာ .. ဘာလို.အဲ့လို လုပ်ရတာလဲဟင် ? မေမေ သားကိ
ုမချစ်ဘူးလား ? သားက မေမေ့ကို ၀န်ထုပ်ဝန်ပိုး ဖြစ်စေခဲ့လို.လား ?

မေမေရယ် ဖေဖေ မရှိလဲ သားမေမေ့ကို စိတ်ချမ်းသာအောင်ထားမှာပါ မေမေရယ်..

သားရယ် အမေရယ် ဘ၀ကို ရုန်းကန်ဖြတ်သန်းမယ်လို. သားမျှော်လင့်ထားတာပါ မေမေရယ်.. ။

မေမေရယ် သားကတော့ မေမေ့ကို အသဲ ပေါက်ထွက်မတတ် ချစ်ပါတယ်မေမေရယ်။ သားကို

ဘာလို.ပြန်မချစ်တာလဲဟင် .. မေမေသားကို အရမ်းချစ်မယ်လို. သားထင်ထားတာပါ

မေမေရယ်..။ သူတို. သားလေ လူ.ဘ၀ကို ရောက်ချင်တယ် မေမေရယ်။ ဒီဘ၀မှာ

မနေချင်ဘူး မေမေရယ်။ သားပြန်လာချင်တယ် မေမေရယ် ။ သားကြီးလာရင်လေ မေမေကို

ပညာရှင်ကြီးဖြစ်အောင်ကြိုးစာြး
ပိး လုပ်ကျွေးမှာ.. ( ဆရာဝန်တော့
သားမဖြစ်ချင်တော့ဘူး ၊ သား မုန်းသွားပြီ )

မေမေရယ် .. သားကို ဘာလို.မချစ်တာလဲ ဟင် ?

သားလေ မေမေမျက်နှာကို အဝေကပဲ မြင်ဖူးတာ .. အနီးကပ်မြင်ချင်တယ်မေမေရယ် ..
သား အမေ့ကို နမ်းချင်တယ်..

မေမေနဲ. သားနဲ. ဆော့ချင်တယ်.. မေမေနဲ. သားနဲ. ညဘက် ကြယ်လေးတွေ တူတူရေ ချင်တယ် ...

သားလေ လူတွေ အလယ်မှာ ထွက်ပြီး ဒါငါ့အမေကွ လို. အော်ပြောချင်တယ် မေမေရယ်..


သာဆန္ဒ တွေ ဘာလို. မဖြစ်လာရတာလဲဟင်...


သား အမေ့ကို ချစ်တဲ့ အချစ်က နဲလို.လားဟင် မလုံလောက်ခဲ့လို.လားဟင် ??

သား လောက မှာ အလိုချင်ဆုံးက မေမေသားကို ပြန်ချစ်လာတာကိုပါပဲ..

သား အမေ့အပေါ် အမှားလုပ်မိလို.လားဟင်.. အမှားလုပ်မိတာ၇ှိရင်
တောင်းပန်ပါတယ် မေမေရယ်..



ဟော .. မေမေ သားကို နတ်သားလေး တွေ လာခေါ်နေပြီ သွားတော့မယ်နော် မေမေ...


သား မေမေကို တစ်ခု လှမ်းပြောလိုက်မယ်နော် .. မေမေတော့ ကြားပါ့မလားမသိဘူး


" သား အမေ့ကို အရမ်း အရမ်း ချစ်ပါတယ်ဗျာ ... "


Every abortion is just…



One more heart that was stopped.

Two more eyes that will never see.

Two more hands that will never touch.

Two more legs that will never run.

One more mouth that will never speak.

ကျွန်တော် ဒီစာလေးရဲ. မူရင်း (English version) ကို ဖတ်ပြီးပြီးချင်း ..
မျက်ရည်ကျမိလို.ဗျာ...


ဒါကြောင့် မနေနိင်တော့ဘဲ ဘာသာလေးပြန်ပြီး ဒီစာလေးရေးလိုက်တာပါဗျာ ..

ကျွန်တော် ဘာသာပြန်တာ မကောင်းခဲ့ ဘူးဆိုရင် တောင်းပန်ပါတယ်ဗျာ...

သဘောင်္သီးလေးတစ်လုံး...

နေရာင်ခြည်က လေးဘက်သွားပဲရှိသေးတယ်... ခြံဝန်းအိုလေးထဲက တဲအိုလေးရှေ့မှာလဲ.... မြူနှင်းတွေ ဝေမှိုင်းလို့ပေါ့....အမေအိုကတော့ မီးဖိုလေးကို ကြိုးစားမွှေးနေရင်.. ရေနွေးအိုး ကြို ဖို့လို့လုပ်နေလေရဲ့..... မြူနှင်းတို့ ခပ်သဲသဲ ကြားမှာ ပဲ အိမ်ရှေ့ဆီက ခြေသံသဲ့သဲ့ ကြားလိုက်ရပြန်တယ်... ထွားထွားကြိုင်းကြိုင်းနဲ့ ကြွက်သားတွေ အပြိုင်းပြိုင်းထနေတဲ့ အမေ့သားလေ....လောကဓံကို ထုသားပေသားကျကျ ခံနိုင်တဲ့ အမှတ်လက္ခဏာတွေနဲ့ပေါ့... ။ အမေအိုမော့ကြည့်လိုက်တယ်....

သြော် သား ကင်းတဲကပြန်လာပြီကိုး..
ဟုတ်တယ်...အမေ့ ဒီမှာ ညက ကင်းတဲမှာ မီးဖိုတာ ပိုတဲ့ ထင်းတုံးတွေ အမေ့ မီးမွေးဖို့ ယူလာခဲ့တယ် အမေ... ဆောင်းတွင်း မနက်ခင်းအေးအေးမှာ.. စွပ်ကျယ်တစ်ထည်မှ တပါး ဘာအနွေးထည် ဘာအပိုအင်္ကျီမှ ၀တ်မထားတယ် သားကို ကြည့်ပြီး အမေအို မျက်နှာညှိုးငယ်နေလေသည်။

သား စားဖို့ ညက ထမင်းကြမ်းလေး အမေချန်ထားတယ်သား သားလည်းဆာရောပေါ့ သွားစားလိုက်ပါဦး....ဒီမှာ သားထမင်းနဲ့ မြည်းရအောင် ရေနွေးလည်း အသင့်ကြိုထားတယ်သားရဲ့..... ပါးစပ်ကလည်းပြောရင်းလက်ကလည်း တုန်တုန်ချိချိနဲ့ သားသောက်ဖို့ရေနွေးအိုးကို ချပေးနေတယ်လေ....

သားဖြစ်သူကလည်း...
အမေရော ဘာစားပြီးပြီလဲအမေ ....

အမေလည်း ထမင်းကြမ်းစားပြီးပါပြီ သားရယ်... အဟွက်အဟွက်...

အမေချောင်းတွေလည်း အရမ်းဆိုးနေတာ အမေ့ကို အဲဒါကြောင့်ပြောတာပေါ့... မနက်အစောကြီးထထပြီး မနေပါနဲ့လို့....

သားရယ် အိမ်ထဲမှာနေလို့လည်း ဘာထူးလို့လဲသားရဲ့...

ကောင်းကင်ကို ပကတိ သဘာဝနီးပါးလောက်မြင်နေရသော အိမ်ခေါင်မိုးကို ကြည့်ပြီး သား ဖြစ်သူ သက်ပြင်းလေးကြီးချလိုက်သည်..။

ကဲအမေ သားထမင်းစားပြီးရင် အလယ်ပိုင်းက ရေထမ်းဖို့ရယ် ထင်းခွဲဖို့ရယ်ခေါ်ထားတာ ရှိလို့ သွားလိုက်ဦးမယ်အမေ...

ငါသားလည်း.. ညဘက်ဆို မီးကင်းကို အစားစောင့်ရ.. နေခင်းဖက်ဆို...အလုပ်ကြမ်းတွေလုပ်ရ ကောင်းကောင်းနားရတယ်မရှိဘူး

သြော် ကံကြမ္မာ ကံကြမ္မာ ဘယ်တော့ များမှ ငါတို့ဆီကို မျက်စိလည်လာမှာလဲ ဆိုတာ မသိ ရပါလား.....

အမေရယ် ထမင်းစားပြီး ခံတွင်းချဉ်လိုက်တာဗျာ... ထန်းလျက်ခဲလေးဘာလေးမရှိဘူးလား ဗျာ...

မရှိဘူးသားရယ် အမေစောစောကပဲ ရေနွေးကြမ်းနဲ့ မြည်းလိုက်တယ်...

အင်းပါအမေရာ မနေ့က ဈေးဖက်ရောက်တော့ သဘောင်္သီးကြီးတွေဗျာ ၀င်းမှည့်နေတာများ.. သားစားချင်လိုက်တာဗျာ အခု

လိုထမင်းစားအပြီး စားလိုက်ရ နတ်စည်းစိမ် နဲ့ဘာလဲမလဲဗျာ..သားဖြစ်သူအားရပါးရပြောနေသည်ကို အမေအို

မျက်ရည်တွေရွှန်းလဲ့နေသော မျက်ဝန်းတစုံနဲ့ နားထောင်နေလေသည်။

ကဲ သားသွားလိုက်ဦးမယ်အမေရယ် ညနေအပြန်ကျရင် အမေ့ဖို့ ဆရာမောင်ဆေးနီမှုန်တစ်ထုတ်လောက်တော့ ပါအောင်ဝယ်ခဲ့မယ်ဗျာ..

အမေ့ကျန်းမာရေးကလည်း ကောင်းတာ မဟုတ်ဘူး ပြောပြောဆိုဆိုနဲ့ ထွက်သွားသော သားဖြစ်သူ ကျောပြင်ကို ငေးစိုက်ကြည့်ရင်း

အမေ့အို မျက်ရည် ဖြိုင် ဖြိုင်ကျမိသည်။


ည။

ဒေါင်ဒေါင်.......ဒေါင်
အချိန် ကား 12 နာရီခွဲချေပြီ ဆေးပေါ့လိပ်ကို ဖွာရင်း မီးလှုံနေရာမှာ သား ဖြစ်သူ သံချောင်းကို တီးလိုက်သည်။

ထိုစဉ်မှာပဲ စိုက်ပျိုးရေးခြံ ဘက်မှ အသံကြားလိုက်ရသည်.

သူခိုးဗျိုး ...သူခိုး....

သားဖြစ်သူ သံချောင်းကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး အသံကြားရာဆီသို့ အပြေးသွားလိုက်သည်။

သူခိုးဘယ်မှာလဲ သူခိုးဘယ်မှာလဲ

အေးဒီလမ်းအတိုင်းပြေးသွားတာ ငါတို့လည်း ခြံထဲမှာ လူရိပ်မြင်လိုက်လို့ လိုက်တာ...အခုလိုက်နေတာ


သားဖြစ်သူ သူခိုးပြေးသောလမ်းအတိုင်း ခပ်ပြင်းပြင်းပြေးလိုက်ခဲ့သည်.. တွေ့ပြီး ရှေ့မှာ လူရိပ်တစ်ရိပ် လရောင်အောက်မှာ ၀ိုးတ၀ါး

တရွေ့ ရွေ့သွားနေသည်။ သားဖြစ်သူရော လူအုပ်ရော ပြေးနှုန်းမြင့်လိုက်သည်။ သားဖြစ်သူထိပ်ဆုံးကပင်... လူရိပ်ကို မှီလာသည်။

မှီလာသည်နဲ့ တပြိုင်နက် ဟေ့ကောင် ရပ်စမ်း.... ပြောပြောဆိုဆိုပင် လက်ထဲမှာ မီးကင်းခေါက်သည့် သံတုတ်ဖြင့်

တစ်ချက်လွတ်ရိုက်ချလိုက်သည်။ လူရိပ်အသံပင်မထွက်နိုင်.. စိုက်ကျသွားသည်.။။

မိပြီ မိပြီ ကြည့်စမ်း ကြည့်စမ်း ဘယ်သူလဲဆိုတာ.... သားဖြစ်သူလူရိပ်နား တိုးသွားပြီး ခပ်ကြမ်းကြမ်းပင် ဆွဲလှည့်လိုက်သည်။။။


ဟင်........ဟာ..............အို..............

အမေ...ဟုတ်သည် အမေအိုပင်ဖြစ်သည်။ သူ၏လက်နှစ်ဖက်ထဲတွင်ကား ပုဆိုးနဲ့ ထုတ်ထားသောအရာကို...

ကျစ်ကျစ်ပါအောင်ကိုင်ထားသည်။ လူမှာတော့ မလှုပ်မယှက်..တော့... ။ သားဖြစ်သူ ထိုပုဆိုးနဲ့ထုတ်ထားသော အရာကို... ဖြည့်

ကြည့်လိုက်သည်။ ပုဆိုးကို ဖြည်ကြည့်လိုက်တော့ထွက်လာသည်မှာ..... ၀င်းမှည့်ပြီး အိနေသော သဘောင်္သီးလေး

တစ်လုံး....ဖြစ်နေသည်။.............

တစ်ခုခုတော့ မှားနေတာပါ... ဘယ်သူကမှားတာလဲ ဘယ်သူကမှန်တာလဲ ဘယ်သူဘာတွေ ဘယ်လိုပြောပြော မှားနေတာ တစ်ခုတော့ ရှိနေပါသည်။

ကလူ၏သို့ မြှူ၏သို့

န၀ဒေးကြီး ရေး - ညို့ညို့ပြာပြာ အစချီ အဖြည့်ခံရတု

(၁) ညို့ညို့ပြာပြာ၊ ဆင်းပြင်လျာမူ၊ ပြစ်မှာမစက်၊ ဆယ်နှစ်သက်က၊ ချောညက်ညွတ်သွယ်၊ နတ်နှင့်ဆွယ်၍၊ ရွယ်လည်းရွယ်ပျို၊ ညိုလည်းညိုဝင်း၊ ဖြူ ရွှင်းရောရု၊ နောင့်သက်စုကို၊ နှိုင်းရှုချေမူ၊ ထွားပြာဖြူသည်။ ။ မတူ၏သို့ တူ၏သို့။

(၂) မို့မိုအာကာ၊ မိုးဒေ၀ါလျှင်၊ ဗယ်ညာ တောင်မြောက်၊ လေပြည်လှောက်၍၊ ဖြိုးဖြောက်ရိုးရဲ၊ လျှပ်ပန်းကြဲလျက်၊ မစဲညင်းညင်း၊ ကျူးတည့်လျှင်း၍၊ ပ၀င်းလှည့်လို၊ လွမ်းစိမ့်ဆိုသို့၊ လေချိုပေါင်းညီ၊ ရုံးစုပြီမှ၊ မယ့်ဆီတူရူ၊ သည်မိုးဖြူသည်။ ။ ကလူ၏သို့ မြှူ၏သို့။

အဖြည့်ခံရတု
န၀ဒေးကြီး


ရှင်သူရဲဆို အဖြည့်ရတု
(၃) သို့သို့ဘာသာ၊ မယ့်နေရာကို၊ အာကာမှိုင်းဝေ၊ နေ့တိုင်းစွေက၊ သက်ဝေမြခဲ၊ သူရဲကြောင့်သာ၊ လွမ်းဗျာပါမူ၊ တိမ်ပြာမကွက်၊ တိမ်နက်မည်းမို့၊ တိမ်ခြေညို့နှင့်၊ ထပ်ပို့မစဲ၊ ရွာသွန်းကြဲက၊ ပုလဲပမာ၊ ဆင်းကလျာလျှင်၊ သစ္စာမြဲတူ၊ တ-လျက်ဟူသည်။ ။ မဖြူ၏သို့ ဖြူ၏သို့။

အဖြည့်ရတု
ရှင်သူရဲ


န၀ဒေးကြီး ရေးခဲ့တဲ့ အဖြည့်ခံရတုကို ရှင်သူရဲက ဖြည့်ဖို့ကျန်တဲ့ တပိုဒ်ဖြည့်ရေးလိုက်တာ ဖြစ်ပါတယ်။
ဒီနေရာမှာ "ဖြူ ရွှင်" (ဖြူစင်ကြည်ရွှင်ခြင်း) ကို "ဖြူ ရွှင်း" ဆိုပြီး ကာရန်ငဲ့ကာသုံးသွားတာကို သတိပြုစေလိုပါတယ်။
ကလူ၏သို့၊ မြှူ၏သို့ စကားလုံးလေးကတော့ လှလွန်းလို့ ဒီနေ့အထိ သုံးနေကြတုန်းပါ

အလကားလူတစ်ယောက်ရဲ့ စကား...

တစ်ဘဝလုံး အရက်စော်နံသွားရတဲ့ အကြောင်းကတော့
ရိုးရိုးလေးပါပဲ ..
ကိုယ့်ကိုယ်ကို ပုလင်းကွဲနဲ့ ခွဲကြည့်တာပါ။

ဟိုနေ့က ဘုံဆိုင်ထဲ ငုံ့အဝင် ..ခရေပင်ကြီးနဲ့ ပက်ပင်းတိုးပြီး
  2011.. မိုးစက်တွေ ..တနင့်နင့် .. ဝေတယ် ..

အမြည်းမရှိဘူး တွဲသောက်ရတဲ့လူကြီးက တူးစော်နံတယ်
ခုနှစ်စင်ကြယ်ပြောင် ဂျွမ်းတစ်ဝက်ထောင်တာတောင်မှ
ငါလို (၁၂)နာရီကောင်ကို ဘယ်သူကမှ အပေါင်မခံဘူး …

မကြာခင် အိမ်ပြန်တော့မှာပါ
တစ်ခွန်း နှစ်ခွန်း အနစ်မွန်းခံပြီးရင် ခြူသံပေးလိုက်ရုံပါ
သူ့လမင်းကို .. ကိုယ် လက်လှမ်း မမီကြောင်း ပြောရတာ
ပုလင်းနံပါတ် မမှတ်မိလောက်အောင်ကို ခါးတယ် ..။

ကိုယ်ထင်တယ်
ကျမ်းစာထဲမှာ မပါတာတွေ ရှိကောင်းရှိနိုင်ရဲ့
အာဒမ်က …
ဧဝ ကိုပေးခဲ့တာ …
နံရိုးတစ်ချောင်းထဲ မဟုတ်လောက်ဘူး။ ။

A Soft Sweet Kiss

As I stare at the stars
I think for a while
Of the day our love began
And it makes me smile
The feeling of love
A soft sweet kiss
Always on my mind
Impossible to resist
You gaze into my eyes
Your innocence shared
You gave yourself to me
And showed me you cared
Now I think of today
All the things I’ve missed
They simply don’t compare
To that soft sweet kiss
I need you by my side
Everyday my love will prove
That you belong here with me
Your whole life through
Just lean into me
Show me that you miss
The love that started
With that soft sweet kiss................

ထာဝရနှင်းဆီ

ကျွန်တော့ နှင်းဆီ ၁၂ ပွင့်ဝယ်ခဲ့တယ်..

၁၁ ပွင့် တကယ့်ကို၇ဲ၇ဲတောက်တဲ့ နှင်းဆီပွင့် စစ်စစ်လေးတွေပါ.

တစ်ပွင့်ကတော့ အရောင်မွဲတဲ့ ပလစ်စတစ်နှင်းဆီလေးပေါ့....

သူ့မကို ၁၂ ပွင့်စလုံး သူမကိုပေးလိုက်တယ်...

သူမက အတုလေးကိုကြည့်ပြီး.  လျော့ရဲရဲ နှုတ်ခမ်းမဲ့လိုက်တယ်....

ဒါပေမယ့်.. ကျွန်တော်သူမကို  တိုးတိုးလေးပြောပြီး ဖြည်းဖြည်းလေးပဲလှည့်ထွက်ခဲ့ပါတယ်.....

” ၁၂ မြှောက်နှင်းဆီ ပန်းလေး နွမ်းသွားရင်တောင်မှ နင့်ကို ငါချစ်နေဦးမှာဟာ.. “ လို့..

 အဲဒီညနေက...............
သူမှ ရဲ့ အပြုံး မှာ ကောင်းကင်က ကြယ်တွေ ဗြုန်းဗြုန်း ကြွေကျခဲ့တာပေါ့......

ရောင့်ရဲခြင်းနဲ့ တင်းတိမ်ခြင်း

မိတ်ဆွေတစ်ဦးနဲ့ စကားပြောဖြစ်တော့ သူ့မှာ အလုပ်နှစ်ခုရှိပေမယ့် ဝင်ငွေနည်းတဲ့အကြောင်း ဒါပေမယ့် ကျွန်တော့်ကို ပြောပြတယ်။ နည်းပါးတဲ့ သူ့ဝင်ငွေကို ချွေတာသုံးမှ မိဘ၊ ယောက္ခမ၊ မိန်းမနဲ့ ကလေးတို့ရဲ့အသုံးစရိတ်အပြင် မိသားစုစားဝတ်နေရေး ဖူလုံမှာဖြစ်တယ်။ ဒါနဲ့များ သူဘာကြောင့် ပျော်ရွှင်နေသလဲဆိုတာကို ကျွန်တော်စဉ်းစားလို့ မရခဲ့ဘူး။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အိန္ဒိယမှာ မျက်မြင်ကိုယ်တွေ့ ကြုံခဲ့တဲ့အဖြစ်ကြောင့်လို့ သူကရှင်းပြပါတယ်။ အဲဒီတုန်းက ကိစ္စတစ်ခုကြောင့် သူဟာ အကြီးအကျယ် နလန်မထူနိုင်အောင် စိတ်ပျက်ခဲ့လို့ အိန္ဒိယကို စိတ်ပြေလက်ပျောက် ခရီးထွက်ခဲ့တယ်။ တစ်နေရာမှာ အိန္ဒိယမိခင်တစ်ဦးဟာ ကလေးငယ်တစ်ယောက်ရဲ့ ညာလက်ကို ဓားနဲ့လှီးဖြတ်နေတာ တွေ့လိုက်တယ်။ အကူအညီမဲ့ မိခင်ရဲ့မျက်လုံးနဲ့ ကလေးငယ်ရဲ့ နာကျင်အော်ညည်းသံကို ယနေ့ထက်တိုင် သူကြားယောင်ဆဲ ဖြစ်ကြောင်း ကျွန်တော့်ကို ပြောပြတယ်။ သားလက်ကို ဘာကြောင့် အမေဖြတ်ရသလဲလို့ ကျွန်တော်မေးမိတယ်။ ကလေးငယ် အရမ်းဆိုးလို့လား? လက်မှာ အနာရောဂါတစ်ခုခု ကူးစက်နေလို့လား? တစ်ခုမှ မဟုတ်ပါဘူး... တောင်းရမ်းစားသောက် နိုင်အောင်လို့ လို့ မိတ်ဆွေက ဖြေပါတယ်။ မိခင်တစ်ဦးက သားကို တမင်တကာ ဒဏ်ရာ အနာတရဖြစ်အောင် လုပ်ရတာဟာ လမ်းပေါ်မှာတောင်းရမ်းစားသောက်နိုင်အောင် ဖြစ်တယ်။
အဲဒီအဖြစ်အပျက်ကို ကြည့်ပြီး စားလက်စ ပေါင်မုန့်ကို လွတ်ချမိတဲ့အထိ သူအံ့သြတုန်လှုပ် သွားခဲ့မိတယ်။ တဆက်တည်းမှာပဲ လွတ်ကျသွားတဲ့ ပေါင်မုန့်ကို ဝိုင်းလုဖို့ ကလေးတစ်သိုက် သူ့အနား ချက်ချင်းရောက်လာခဲ့တယ်။ သဲတွေပေနေတဲ့ ပေါင်မုန့်ကို ဝိုင်းလုကြတာဟာ ငတ်မွတ်ဒဏ်ကြောင့် ဖြစ်ပေါ်လာတဲ့ တုန့်ပြန်မှုဆိုတာ သူနားလည်လိုက်တယ်။
ဒီမြင်ကွင်းက သူ့ကိုချောက်ချားစေခဲ့ပြန်တယ်။ လမ်းညွှန်ကို အနီးအနား ပေါင်မုန့်ဆိုင်တစ်ဆိုင် မောင်းပို့ခိုင်းပြီး ဆိုင်ထဲရှိသမျှ ပေါင်မုန့်အားလုံးကို သူဝယ်ယူလိုက်တယ်။ ပေါင်မုန့်အားလုံးရဲ့ တန်ဖိုးက ၁ဝဝကျပ်တောင်(USD) မပြည့်ခဲ့ပေမယ့် ပေါင်မုန့်အထုပ် ၄ဝဝ ရခဲ့တယ်။ (တစ်ထုတ်ကို ၂၅ဆင့် မကျခဲ့ဘူး) နောက်ပြီး ငွေတစ်ရာနဲ့ နေ့စဉ် အသုံးအဆောင်တစ်ချို့ ဝယ်လိုက်တယ်။ ပေါင်မုန့်၊ အသုံးအဆောင် အပြည့်တင်ထားတဲ့ ကားနဲ့ လမ်းပေါ်မှာတွေ့တဲ့ မသန်မစွမ်း ကလေးငယ်တွေကို သူဝေမျှပေးလိုက်တယ်။ ကလေးတွေက ဝမ်းသာအားရ သူ့ကို အလေးပြန်ပြုခဲ့တယ်။ ၂၅ဆင့်တောင် တန်ဖိုးမရှိတဲ့ ပေါင်မုန့်တစ်ချပ်အတွက် လူတစ်ချို့က ဘာဖြစ်လို့ ဒီလောက်ပျော်ရွှင်ရတယ် ဆိုတဲ့ ခံစားချက်ကို သူပထမဆုံးခံစားလိုက်မိတယ်။
"ငါဟာ ကံကောင်းတဲ့လူ၊ ငါ့ခန္ဓာကိုယ်က မချွတ်မယွင်း ပြည့်စုံနေတယ်။ အလုပ်ရှိတယ်။ မိသားစုရှိတယ်။ စားစရာတွေကို ကြိုက်တယ်၊ မကြိုက်ဘူးလို့ ဂျီးများဖို့ အခွင့်အရေးရှိတယ်။ ဝတ်ဖို့ အဝတ်အစားရှိတယ်။ ဒီကလူတွေ မရှိတာတွေကို ပိုင်ဆိုင်ဖို့ ငါ့မှာ အခွင့်အရေး ရှိခဲ့တယ်" လို့ သူရေရွတ်ခဲ့မိတယ်။ မိတ်ဆွေရဲ့ အဖြစ်အပျက်ကို နားထောင်ပြီး ကျွန်တော်ခံစားကြည့်တယ်။ တွေးကြည့်တယ်။"ငါ့ဘဝ တကယ်ပဲဆိုးသလား? ဆိုးရင်လဲ ဆိုးခဲ့နိုင်တယ်။ ဒါပေမယ့် ဒီပုံပြင်ကိုနားထောင်ပြီး ငါ့ဘဝ ဒီလောက်မဆိုးတော့ဘူး။ ခင်ဗျားရော?
ဒါမှမဟုတ် ငါ့ဘဝ ကံဆိုးလိုက်တာလို့ နောင်တစ်ချိန်ချိန်မှာ ခင်ဗျားထင်ခဲ့တဲ့တစ်နေ့ လမ်းပေါ်မှာ တောင်းရမ်းစားဖို့ လက်တစ်ဖက် ဆုံးရှုံးရတဲ့ ကလေးငယ်ကို တွေးမြင်ကြည့်လိုက်ပါ။
"ကျေနပ်တယ်၊ ပြည့်စုံတယ်" ဆိုတာ ကိုယ်လိုချင်တာကို ရသွားလို့ မဟုတ်ဘူး။ ရှိတာနဲ့ ရောင့်ရဲတင့်တိမ် နေတာဖြစ်တယ်။

စစ်ကျွန်

(၁)
အချိန်ကား (၁၉၉၄) ခုနှစ်။
နေရာကား သန်လျင်တဘက်ကမ်း။

အကြော်သည် ဒေါ်အေးစိန်၏ အိမ်တွင် လူစည်ကားနေသည်။ ဖတဆိုးသားလေး
ကျော်စွာမင်း ဆယ်တန်းကို နှစ်ဘာသာဂုဏ်ထူးဖြင့် အောင်သည်မို့
အခမ်းအနားလေးတခု ကျင်းပနေခြင်းဖြစ်သည်။ ရပ်ကွက်ထဲမှ လူအများကို
မုန့်ဟင်းခါးပွဲလေးနှင့် ဧည့်ခံနေရင်း ဒေါ်အေးစိန်ရင်ထဲတွင်
ဝမ်းနည်းဝမ်းသာခံစားနေရသည်။ ၀မ်းနည်းသည်က ခင်ပွန်းသည်အတွက်၊ ၀မ်းသာရသည်က
ချစ်လှစွာသော သားလေးအတွက်။ ခင်ပွန်းသည်ဆုံးပါး သွားပြီနောက်မှာ ဘ၀ကို
ပင်ပင်ပန်းပန်း ရုန်းကန်ရင်း သားလေးကို လူလားမြောက်အောင် တာဝန်ယူခဲ့ရသည်။
ခြောက်နှစ်ဆိုသောကာလမှာ ပင်ပန်းပါဘိခြင်း။ အခုတော့
ပင်ပန်းရကျိုးနပ်ပါသည်။ သားလေးဆယ်တန်းအောင်သွားပြီ။ အကြော်သည်
မုဆိုးမသားလေး ဘွဲ့ရပညာတတ်ဖြစ်အောင် ဆက်ကြိုးပမ်းရဦးမည်။ ဘာပဲဖြစ်ဖြစ်
အမေရဲ့သားလေး ဘယ်တော့မှ မျက်နှာမငယ်စေရ။

"အမေပျော်လိုက်တာသားရယ်၊ ငါ့သားလေးအတွက် အမေဂုဏ်ယူတယ်သိလား။ တက္ကသိုလ်
ဆက်တက်နော်သား။ အမေထားပေးမယ်"

"အမေလဲ ပင်ပန်းနေပါပြီအမေရယ်။ အမေပိုက်ဆံ မကုန်အောင်လေ သားစစ်တက္ကသိုလ်ပဲ
သွားတော့မယ်"
"ဘာ----"

သားလေးရဲ့ စကားသံအဆုံးမှာ သူမတကိုယ်လုံး အေးစက်တောင့်တင်းသွားသည်။
"အမယ်လေး၊ ကိုသောင်းမင်းရယ်"လို့သာ တမ်းတဟစ်အော်ပြီး
ငိုလိုက်ချင်စိတ်ပေါက်သွားသည်။

"သားရယ်။ စစ်တက္ကသိုလ်တော့မသွားပါနဲ့။ မင်းအဖေသေရတာ စစ်တပ်က ပစ်တဲ့
သေနတ်ကျည်ဆံကြောင့်ဆိုတာ သားလဲသိသားနဲ့"

လွန်ခဲ့သော ခြောက်နှစ်က အတိတ်ဆိုးများကို ပြန်သတိရလာသည်။ ကိုသောင်းမင်းက
ကုန်းလမ်းပို့ဆောင်ရေး (ကပရ)က ၀န်ထမ်း။ ရှစ်လေးလုံးအရေးတော်ပုံမှာ
ပါဝင်ဆန္ဒပြခဲ့ရင်း စစ်တပ်မှပစ်သော သေနတ်ကျည်သင့်ပြီး
သေဆုံးခဲ့ရတာဖြစ်သည်။

"သားသိပါတယ်အမေရယ်။ ဒါပေမယ့် သားတို့မှာ ရွေးစရာလမ်းမှ မရှိတော့တာပဲ။
သားတက္ကသိုလ်တက်ပြီး ဘွဲ့ရတော့ကော အလုပ်ရမှာမှ မဟုတ်တာပဲ အမေရယ်။
အခုရန်ကုန်မြို့ကြီးမှာ ဘွဲ့ရတက္ကစီမောင်းသမားတွေမှ အများကြီးရယ်။
စဘော်တင်စရာလေးရှိရင်တော့ တက္ကစီလေး မောင်းလို့ရမယ်။ ဒါပေမယ့် သားတို့မှာ
စဘော်တင်စရာငွေတောင် ရှိတာမှမဟုတ်တာပဲ။ ပြီးတော့ အမေပင်ပင်ပန်းပန်း
ရှာထားတဲ့ ငွေတွေနဲ့ ကျောင်းမတက်ပါရစေနဲ့ အမေရယ်။ အခုအချိန်မှာ
စစ်တက္ကသိုလ်တခုတည်းပဲ ထွက်ပေါက်ရှိနေတာ"

"ကျော်စွာမင်း၊ သားလေးရယ်။ သားအတွက် အမေကြိုးစားလာခဲ့သမျှဟာ
လူသတ်သမားဖြစ်ဖို့ မဟုတ်ဘူးနော်။ မလုပ်ပါနဲ့"
"သားဆုံးဖြတ်ပြီးပြီအမေ။ သားဘ၀တက်လမ်းအတွက် ဒီအက်စ်အေကိုပဲသွားချင်တယ်"

(၂)
အချိန်ကား (၂၀၀၅) ခုနှစ်။
နေရာကား ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းသစ်။
"သမီး၊ ဆုံးဖြတ်ပြီးပြီလား"

မေမေ့ရဲ့ အေးစက်စက်အသံကြောင့် လင်းလင်းနွယ် မျက်နှာလေးငယ်သွားရသည်။
ချစ်သူက လက်ထပ်ချင်သည်ဆို၍ မေမေ့အား ပြောပြ အသိပေးရခြင်းဖြစ်သည်။
စစ်တပ်မှ အရာရှိငယ်လေးမို့ မေမေမငြင်းလောက်ပါဘူး ထင်ထားမိသည်။
"မေမေကသဘောမတူလို့လားဟင်"
"မတူရုံတင်မကဖူးသမီး။ အဲလိုလူစားမျိုးတွေနဲ့ မပတ်သက်ချင်ဘူး"
"ဘာဖြစ်လို့လဲမေမေ"

"မေမေဟာ ချမ်းသာကြွယ်ဝတဲ့မျိုးရိုးက ဆင်းသက်လာပေမယ့် လူတန်းစားလုံးဝ
မခွဲတတ်တာ သမီးသိတယ်နော်"
"သိပါတယ်မေမေ"

"မေမေလူတိုင်းကို မေတ္တာထားနိုင်တယ်။ ဒါပေမယ့် အဲဒီအထဲမှာ
ဒီလိုလူတွေမပါဘူး။ လူသတ်သမားတွေ မပါဘူး"
မေမေ့ မျက်ဝန်းထဲက နာကြည်းမှု အရိပ်တွေကို မြင်တွေ့နေရတာမို့ သူမမှာ အသံပင်မထွက်ရဲ။

"လူနာတွေကို မေမေသိပ်ချစ်တယ်သမီး။ မေမေတို့ဆရာဝန်၊ ဆရာမတွေ အလုပ်ဆိုတာက
လူနာတွေကို ကယ်ဖို့။ ဆေးရုံဆိုတာ လူ့အသက်တွေကို တတ်နိုင်သမျှ
ကြိုးစားကယ်တင်နေတဲ့နေရာ။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က စစ်တပ်ဟာ
လူ့အသက်တွေကို ကယ်တင်နေတဲ့ ဆေးရုံဝင်းထဲကို သေနတ်တွေနဲ့ ပစ်ခဲ့ကြတယ်။
လူသတ်ပွဲတွေကို ရပ်ပါတော့လို့ တောင်းဆိုခဲ့တဲ့ ဆရာဝန်၊ ဆရာမလေးတွေကို
သွေးအေးအေးနဲ့ သတ်ပစ်ခဲ့ကြတယ်။ ဒီမြင်ကွင်းတွေကို မျက်ဝါးထင်ထင်
တွေ့ထားရတဲ့ မေမေဟာ ဒီလိုလူမျိုးတယောက်ကို ကိုယ့်မိသားစုထဲ
အ၀င်မခံနိုင်ဘူးနော်သမီး"

"မေမေရယ်။ အဲဒီတုန်းက ကိုကိုတို့ပါခဲ့တာမှမဟုတ်တာ။ အခုတပ်မတော်ကြီးကလဲ
ပြောင်းလဲနေပါပြီ မေမေရဲ့။ အရင်လိုမဟုတ်တော့ပါဘူး"

"တော်စမ်းလင်းလင်းနွယ်။ မင်းသားခေါင်းဆိုတာ ဘယ်လောက်ကြာကြာ
စွပ်ထားနိုင်မှာတဲ့လဲ။ မေမေတခွန်းပဲ ပြောမယ်နော်သမီး။
လုံးဝသဘောမတူနိုင်ဘူး။ ယောက်ျားမရှားပါဘူးသမီးရယ်။ သမီးကြိုက်တယ်ဆိုရင်
လမ်းဘေးက ဆိုက်ကားသမားကို ရွေးလာလဲ မေမေသဘောတူမယ်။ ဒါနောက်ဆုံးပြောတာ"

အင်မတန်ပြတ်သားထက်မြက်လှသော မေမေ့ကို သူမ ဘာမှပြန်မပြောရဲတော့ပါ။
သို့ပေမယ့် ကိုကို့ကိုလဲ မခွဲနိုင်။ အချစ်အတွက် စွန့်စားဖို့
သူမဆုံးဖြတ်ချက် ချလိုက်တော့သည်။ ဘာပဲပြောပြော တဦးတည်းသော သမီးလေးကို
မေမေ မစွန့်ပစ်ရက်နိုင်ပါဘူးလေ။

(၃)
၂၀၀၇ ခုနှစ်၊ မတ်လ။
တပ်ရင်း ( ) အရာရှိအိမ်ယာ။
"မင်းကို ၀တ်တာ၊ စားတာ၊ နေတာ၊ ထိုင်တာ ဂရုစိုက်ပါလို့ ငါဘယ်နှစ်ခါ ပြောရမလဲ"
"အဲလိုပြောရအောင် ကျွန်မက ဘာတွေ လုပ်နေလို့လဲကိုကို"
"ဒီနေ့အခမ်းအနားမှာ မင်းဝတ်လာတဲ့ စိန်နားကပ်ကြီးကို ပြောနေတာ"

"ဒါဘာထူးဆန်းလို့လဲကိုကို။ စိန်အပါးဝိုင်းနားကပ်။ ကျွန်မတို့
မျိုးရိုးစဉ်ဆက် ဒီလိုပဲ ၀တ်ခဲ့ကြတာပဲ။ အခမ်းအနားပဲကိုကို။ ၀တ်မှာပေါ့"

"မင်းဝတ်ထားတာတွေကြည့်ပြီး၊ တပ်ရင်းမှူးကတော်
ဘယ်လောက်မျက်နှာပျက်နေတယ်ဆိုတာ မင်းမမြင်ဘူးလား"

"ဘယ်တတ်နိုင်မှာလဲကိုကို။ ကိုယ့်ရှိလို့ကိုယ်ဝတ်တာပဲ။ ပြီးတော့ ဒါက
သူတို့လို မတရားသဖြင့် စီးပွားရှာလာဘ်စားပြီး၊ ရထားတဲ့ ရတနာတွေမှမဟုတ်တာ။
မိဘအမွေပဲလေ။ သန့်သန့်ရှင်းရှင်းတွေ"

"မင်းစကားတွေ ဘယ်ရောက်နေလဲဆိုတာ မင်းသိသင့်တယ်နော်။ မင်းအခုနေနေတာ
စစ်တပ်ကွ။ မင်းယူထားတဲ့ ယောက်ျားက စစ်သား"

"ဘာလဲကိုကို။ စစ်တပ်ဆိုတာ ဒီလိုကြီးနိုင်ငယ်ညှဉ်း လုပ်နေတဲ့နေရာမျိုးလား။
ယောက်ျားရဲ့ အထက်အရာရှိ မိန်းမတွေရှေ့မှာ ကိုယ့်မိဘ အမွေရတနာလေးကိုတောင်
ထုတ်မ၀တ်ရတဲ့ နေရာမျိုးလား"

"စစ်တပ်ဆိုတာ အထက်လူကြီးတွေကို ရိုသေလေးစားရတဲ့ နေရာမျိုးကွ။
လူကြီးတွေရဲ့ မျက်နှာအရိပ်အကဲကို သိရတယ်။ သူတို့မျက်နှာကို ကြည့်နေရမယ်။
လူကြီးကတော်က စိန်ဝင်ရင် ကိုယ်က ရွှေပဲဝတ်ရမယ်။ သူတို့ကို
တုပြိုင်သလိုမျိုး ဘယ်တော့မှမဖြစ်ရဘူး"

"တော်စမ်းပါကိုကိုရာ။ အဲဒီသြ၀ါဒတွေကို ဘယ်နှစ်ခါ ခြွေနေဦးမှာလဲ။
မပြောချင်လို့ ကြည့်နေတာနော်ကိုကို။ ကျွန်မပညာတတ်မိန်းမ။ ပညာ၊
ဥစ္စာရှိပေမယ့် ကျွန်မမမောက်မာဘူး။ ဘယ်တုန်းကမှ လူတဘက်သားကို
နှိမ့်ချမဆက်ဆံဘူး။ ကိုကို့ကို ချစ်လွန်းလို့သာ ကိုကို့
လူကြီးမိန်းမတွေရဲ့ မောက်မာမှုတွေကို သည်းခံနေတာနော်။
လူကြီးကတော်ဆိုတာတွေကို ခြေသလုံးဖက် ဒူးတုပ်ခယနေရတဲ့ဘ၀ကို သိပ်ပြီး
ကျေနပ်လွန်းတယ်မထင်နဲ့"

"မကျေနပ်တော့ မင်းကဘာလုပ်ချင်လဲ။ မင်းဟာ ငါ့မိန်းမ။
ဗိုလ်ကြီးကျော်စွာမင်းရဲ့ မိန်းမ။ ဒီတော့ ငါ့အထက်က
အရာရှိကတော်တွေအားလုံးဟာ မင်းရဲ့ အထက်လူကြီးတွေပဲ။ ရိုသေလေးစားရမယ်။
ခိုင်းတာလုပ်ရမယ်။ ဒါပဲ"

"ဟုတ်ပါတယ်။ ဘာလုပ်လို့ရမှာလဲ။ ကျွန်မကိုက ကျွန်ယောက်ျားကို
ယူခဲ့မိတာကိုး။ ကျွန်မိန်းမပဲဖြစ်ရတော့မှာပေါ့"

သူမရဲ့ ပေါက်ကွဲအော်ဟစ်သံအဆုံးမှာ ဗိုလ်ကျော်စွာမင်းရဲ့ လက်က
လေထဲသို့မြောက်တက်သွားသည်။
"မင်းလက်ကို ချလိုက်စမ်း၊ ကျော်စွာမင်း"

သူမမျက်စိပိတ်လိုက်မိစဉ်မှာ ကယ်တယ်ရှင် မေမေ့အသံက ထွက်ပေါ်လာခဲ့သည်။
သမီးကို စိတ်မချသူ မေမေက ဆေးခန်းအပြန်ဆို တခါတလေ ၀င်လာနေကျ။

"မင်းကိုဒို့က ယောက်ျားကောင်းတယောက်လို့ ထင်ထားတာ။ လက်စသတ်တော့ တကယ့်
လူဖျင်းလူညံ့ပါလား"
"လင်မယားကြားမှာ ၀င်မပါချင်ပါနဲ့ အန်တီ"

"ပါရမယ်ကျော်စွာမင်း။ ဘာလို့လဲဆိုတော့ လင်းလင်းနွယ်ဟာ
ဒို့သမီးဖြစ်နေလို့ပဲ။ သမီးတယောက်ရဲ့ အန္တရာယ်ကို ကာကွယ်ဖို့ အမေတယောက်မှာ
တာဝန်ရှိတယ်"

"အန်တီ့သမီးမှာ ဘာအန္တရာယ်မှ ကျရောက်နေတာမဟုတ်ဘူး။ မလိမ္မာလို့၊
လူအရိပ်အကဲနားမလည်လို့ ကျွန်တော်က ဆုံးမနေတာ"

"ဒို့သမီးကို လူရာဝင်အောင် အမေတယောက်အနေနဲ့ ဆုံးမလမ်းညွှန်ခဲ့ပြီးသား။
လူအရိပ်အကဲ ဆိုတာကိုလဲ သူနားလည်တယ်။ သူ့အခွင့်အရေးကိုလဲ သူနားလည်တယ်။
ဧည့်ခံပွဲဆိုတာကို ဘယ်လိုဝတ်စားသွားရမယ်၊ အသုဘဆိုတာကို ဘယ်လို
ဝတ်စားသွားသင့်တယ်ဆိုတာလဲ သူသိတယ်။ အေး- တခုတော့ရှိတယ်။
ကျွန်ခံနည်းကိုတော့ ဒို့မသင်ပေးခဲ့ဖူးဘူး"
"အန်တီက ကျွန်တော့်ကို စော်ကားနေတာလား"

"မင်းအကြောင်းမင်းသိမှာပေါ့။ ကိုယ့်မိန်းမတယောက်ကို သူတပါးရှေ့မှာ
ဒူးတုပ်ခစားဖို့ ကျွန်ဇာတ်သွင်းနေတဲ့ ယောက်ျားမျိုး ဒို့တသက်မှာ ဒီတခါပဲ
တွေ့ဖူးသေးတယ်။ ကိုယ့်မိန်းမကိုယ် မကာကွယ်ပေးနိုင်ပဲ
အိမ်တွင်းအကြမ်းဖက်မှုလုပ်နေတဲ့ ယောကျာ်းတယောက်လက်ထဲမှာ ဒို့သမီးကို
ဘယ်လိုစိတ်ချရမလဲ"

မေမေနဲ့ သူ စကားပြောနေစဉ်မှာ သူမခေါင်းထဲတွင် အတွေးများ
ရှုပ်ယှက်ခတ်နေသည်။ သူ့ကိုချစ်တာမှန်ပေမယ့် ဒီလိုဒဏ်တွေကို သူမမခံနိုင်။
မဆီမဆိုင် သူတပါးအောက်ကျို့နေရသည့် ဘ၀ကိုလဲ သူမစိတ်ကုန်လှပါပြီ။
ကြီးနိုင်ငယ်ညှဉ်းဖြစ်ရပ်များစွာကိုလဲ သူမတွေ့နေခဲ့ရပြီ။ အထက်လူကြီးကတော်
ခြေသလုံးကို နှိပ်ပေးရတဲ့အကြိမ်များလဲ မနည်းတော့။ ယောက်ျားများ
အလုပ်သွားနေစဉ်၊ အရာရှိငယ်မိန်းမများကို အိမ်ခေါ်ပြီး
ညစ်ညမ်းခွေများပြနေသည့် လူကြီးကတော်ကလဲ ရှိသေးသည်။ စကော့ဈေးခေါ်သွားပြီး
သူတို့ စမောလေးများနှင့် ချိန်းတွေ့သည်ကို မဆီမဆိုင်
အဖော်လိုက်ပေးရသည်ကလဲ ရှိသေးသည်။ အထက်ကိုဖားပြီး အောက်ကိုဖိရသည်ကိုလဲ
ရွံ့မုန်းလှပြီ။ သူမတသက်လုံး အိမ်ဖော်တွေရဲ့ ကြီးလှခဲ့တာဆိုပေမယ့်
ပိုက်ဆံပေးပြီး အကူအညီ ခေါ်ထားခဲ့ခြင်းသာဖြစ်သည်။ အခုကျတော့
သူတို့ယောက်ျား စစ်သားဖြစ်တာနဲ့ပဲ တပ်ကြပ်ကြီးအိမ်က ခေါ်ခိုင်းလိုက်၊
အရာခံဗိုလ်အိမ်ကခေါ်ခိုင်းလိုက်၊ အရာရှိအိမ်က ခေါ်ခိုင်းလိုက်လုပ်တာကို
ခံနေကြရရှာသည်။ လက်အောက်က စစ်သားမိန်းမများ ဘ၀ကိုလဲ သနားလှသည်။

"ကျွန်မတခုပြောမယ်ကိုကို။ ထမင်းတလုတ်ရှာစားဖို့ဆိုတာ မခက်ခဲပါဘူး။
ကိုကိုတပ်ကနေ ထွက်လိုက်ပါ။ ကျွန်ခံပြီး စားရတဲ့ ထမင်းကို
မက်မနေစမ်းပါနဲ့"

"မင်းပါးစပ်ပိတ်ထားလို့ ငါပြောနေတယ်နော်။ ကဲ-အန်တီ။
မြန်မြန်ပြန်ပါတော့ဗျာ။ ကျွန်တော်တို့ လင်မယားချင်းကိစ္စ
အချင်းချင်းရှင်းပါရစေ"

"ဆောရီးပဲ။ မောင်ကျော်စွာမင်း။ မင်းလိုလူတယောက် လက်ထဲမှာ ဒို့သမီးကို
ထားခဲ့ဖို့ ဒို့စိတ်မချဘူး။ သမီး-လာ။ မေမေနဲ့လိုက်ခဲ့"

မေမေ့ခေါ်သံအဆုံးမှာ သူမအခန်းထဲဝင်ပြီး ပစ္စည်းသိမ်းမိခဲ့တော့သည်။
လွတ်လပ်သော မိသားစုဘ၀လေးကိုသာ သူမလိုချင်ခဲ့ခြင်းဖြစ်ပါသည်။
အိမ်ထောင်လေးတခါပြုမိကာမှ အိမ်ထောင်သည် ယောက်ျားကိုသာမက ရှိသမျှ
လူအားလုံးရဲ့ ကျွန်သဘောက်ဖြစ်နေခဲ့ရသည်ကို သူမဘ၀င်မကျပါ။ မရီမပြုံးချင်ပဲ
ဟန်ဆောင်ပြုံးပြနေရသည့် ဘ၀တွေကိုလဲ သူမငြီးငွေ့လှပြီ။

(၄)
၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ။
သန်လျင်တဘက်ကမ်း။

ဒေါ်အေးစိန်တယောက် ဘုရားရှိခိုးပြီး မေတ္တာသုတ်တရားတော်ကို ရွတ်ဖတ်နေမိသည်။
တာဝန်ထမ်းဆောင်နေသော သားလေးဘေးအန္တရာယ်ကင်းဝေးဖို့ကိုလည်း
ဆုတောင်းနေမိသည်။ သားလေးတပ်က ရန်ကုန်မှာဆိုပေမယ့်၊ မိသားစုအိမ်လေးကို
မခွာရက်တာကြောင့် သားလေးနှင့် သွားမနေဖြစ်ပါ။ တလတခါ ရောက်ရောက်လာတဲ့
သားလေးနဲ့ ချွေးမကိုပဲ အိမ်ကနေ စောင့်စားတွေ့ရတော့သည်။ အခုတလောတော့
ဘာဖြစ်တယ်မသိ။ လူတွေပေါ်မလာပဲ ငွေပဲ ရောက်ရောက်လာတတ်သည်။ နေထိုင်ပဲ
မကောင်းလို့လား။
"ဒေါ်ကြီးစိန်ရေ။"

ရပ်ကွက်ထဲက မောင်အေးအိမ်ပေါ်တက်လာတာကြောင့် ဧည့်ဝတ်ပြုရသည်။ ဒီသူငယ်လေးက
ရပ်ကွက်ထဲက လူမှုရေးကိစ္စမှန်သမျှ တက်တက်ကြွကြွပါဝင်တတ်သည်။ သူမကိုလဲ
အသက်ကြီးအမယ်အိုဆိုပြီး စောင့်ရှောက်ပေးသည်။ အင်တာနက်ဆိုလား၊
ဘာဆိုလားတော့မသိ။ ကော်ဖီဆိုင်လို့တော့ ကြားဖူးသည်။ အဲဒီဆိုင်ကြီးကိုလဲ
ဖွင့်ထားသေးသည်။
"ဒေါ်ကြီးရယ်။ ဒေါ်ကြီးသား၊ ကိုကျော်လုပ်ရက်တယ်ဗျာ"
"ဟေ"

သားအသံကြားတော့ သူမသေချာနားစွင့်မိသည်။ မောင်အေးမျက်လုံးမှာ
မျက်ရည်စတွေကို တွေ့လိုက်ရတာကြောင့် စိတ်ထဲမကောင်းဖြစ်သွားသည်။
ဘာများဖြစ်လို့ပါလိမ့်။
"ဘာဖြစ်လို့လဲကွယ်။ ဒေါ်ကြီးကို သေချာပြောပြမှပေါ့"

"အခုတလော ရန်ကုန်မှာ ဘုန်းကြီးတွေ မေတ္တာပို့ ဆုတောင်းပွဲတွေ
လုပ်ကြတယ်ဒေါ်ကြီး။ မြန်မာပြည်ကြီး ငြိမ်းချမ်းသာယာဖို့အတွက်
လမ်းလျှောက်ပြီး မေတ္တာပို့ကြတာ။ အဲဒါဗျာ။ ဟိုနေ့က ရွှေတိဂုံဘုရားပေါ်မှာ
မေတ္တာပို့ဝတ်ပြုနေတဲ့ ဘုန်းကြီးတွေကို ခေါင်းရိုက်ခွဲပြီး သတ်ကြတယ်။
သံဃာတော်အများကြီးကိုလဲ စစ်ကားကြီးတွေနဲ့ ဖမ်းခေါ်ကြတယ်။ လမ်းပေါ်မှာလဲ
လူတွေနဲ့ သံဃာတွေနဲ့ကို သေနတ်တွေနဲ့ပစ်၊ ဒုတ်တွေနဲ့ရိုက်ကြတယ်"

"အို-ဘုရား။ ဘုရား။ မကြားရက်စရာတွေ။ ဗုဒ္ဓဘာသာတိုင်းပြည်မှာ
ဒီလိုတွေဖြစ်နေတယ်ဟုတ်လား။ ရွှေတိဂုံဘုရားပေါ်မှာ ၀တ်ပြုနေတဲ့ သံဃာကို
ခေါင်းရိုက်ခွဲသတ်တယ်၊ ဟုတ်လား။ တိရစ္ဆာန်တွေ၊ လူစင်စစ်က
ပြိတ္တာဖြစ်မယ့်ဟာတွေ"

"ဟုတ်တယ်ဒေါ်ကြီးရယ်။ ကြားရတဲ့လူတိုင်းလဲ ငိုယိုမျက်ရည်ကျနေကြရတယ်။
လူမဆန်ဘူးဗျာ။ လူတွေမဟုတ်ဘူး။ ပိုပြီးဆိုးတာက။ ဒီမှာကြည့်ပါဦးဒေါ်ကြီးရာ။
အင်တာနက်မှာ ပါလာတဲ့ဓာတ်ပုံ။ အဲဒါတွေကို စီစဉ်ကွပ်ကဲနေတဲ့ စစ်ဗိုလ်က
ကိုကျော်မှကိုကျော်အစစ်ဗျ။ ဒေါ်ကြီးသားကိုကျော်ဗျ"

မယုံနိုင်စရာ ပုံရိပ်ကိုကြည့်ရင်း သူမကြက်သေသေသွားသည်။ ဒါဟာ
သူမမွေးထုတ်ခဲ့တဲ့ သားတဲ့။ ဒါဟာ သူမအကြော်ဆီပူအိုးဘေးမှာ
နှစ်ပေါင်းများစွာ အပူခံပြီး ပညာသင်ပေးခဲ့တဲ့ သားတဲ့။ ဒါဟာ
ဘုရားသားတော်တွေကို စော်ကားသတ်ဖြတ်နေတဲ့သားတဲ့။ ဘုရား။ ဘုရား။
ဘုရားစင်ရှေ့သို့ သူမပြေးသွားလိုက်သည်။

"အရှင်ဘုရား။ ဒီလိုသားဆိုးသားမိုက်ကို လူလားမြောက်စေခဲ့တဲ့ တပည့်တော်မကို
ခွင့်လွှတ်ပါဘုရား"

(၅)
(၂၀၀၇) အောက်တိုဘာလ။
စင်ကာပူနိုင်ငံ။

မွေးဖွားပြီး ဆေးရုံမှဆင်းလာကာစမို့ သူမတကိုယ်လုံးနွမ်းနယ်နေသည်။
ကိုကိုနဲ့ လမ်းခွဲခဲ့စဉ်ကတည်းက သူမဆီမှာက ကိုကို့ကိုယ်ဝန်ပါလာခဲ့သည်။
သမီးကို အင်မတန်ချစ်တာမို့ မေမေက စင်ကာပူအထိ တကူးတက ခေါ်လာပြီး
မွေးဖွားပေးခဲ့သည်။ သားလေးကိုတွေ့တော့ ကိုကို့ကို သတိရသွားသည်။
ဘာပဲဖြစ်ဖြစ် ဓာတ်ပုံလေးတော့ ပို့ပေးဦးမှ။ သားလေးကိုမြင်ရင်
ကိုကို့စိတ်တွေပြောင်းလာမှာပါ။ တပ်ထဲက ထွက်လာပြီး၊ သူမတို့မိသားစုနဲ့
နေချင်လာမှာပါ လို့ တွေးလိုက်မိသည်။
"သမီးအွန်လိုင်းတက်လိုက်ဦးမယ်နော်မေမေ"

သူမကပြောတော့ မေမေက အလိုက်တသိပဲ သားငယ်လေးကို လာချီပေးသည်။
ကံအကြောင်းမလှသော သမီးလေးကို မေမေက အစွမ်းကုန်အလိုလိုက်လေသည်။

သူမအီးမေးလ်ထဲသို့ မ၀င်စဖူး အီးမေးလ်တွေ အများကြီးရောက်နေတာကြောင့်
အံ့သြသွားမိသည်။ ဘာတွေများ ဖြစ်နေသလဲ။ သိပ်မကြာလိုက်ပါ။ အခြေအနေတွေကို
သူမသတိပြုမိသွားတော့သည်။ မြန်မာတွေ ဘာလို့ ဒီလောက် အီးမေးလ်တွေ forward
လိုက်လုပ်နေကြသလဲဆိုတာလဲ ရိပ်မိသွားသည်။ ယုတ်မာလိုက်ကြတာ။
မိုက်ရိုင်းလိုက်ကြတာ။ သူမရင်ထဲက မခံချင်စိတ်များသည်
နောက်ထပ်အီးမေးလ်တစောင်ကို ဖွင့်ကြည့်မိသည့် အချိန်မှာတော့ အဆုံးစွန်သို့
ရောက်သွားတော့သည်။
"တိရစ္ဆာန်ကောင်။ တိရစ္ဆာန်။ အဲလိုလူမျိုးဟာ ငါ့ယောက်ျားတဲ့လား။ ငါ့သားရဲ့ အဖေတဲ့လား"
သူမအသံ ဘယ်လောက်ကြာသွားသည်မသိ။ မေမေက ပျာပျာယာယာနဲ့ သူမအနီးသို့ရောက်လာသည်။
"မေမေရယ်။ သူ-"

ဘာမှဆက်မပြောနိုင်တော့ပဲ လည်ချောင်းထဲတွင် တစ်စို့စို့ဖြစ်နေသည်။
မျက်ရည်များက အလိုလို လိမ့်ဆင်းကျလာသည်။
မေမေက သူမခေါင်းအား ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။

"မေမေသိပြီးပါပြီသမီးလေးရယ်။ မေမေအားလုံးကို မြင်တွေ့ခဲ့ပြီးပါပြီ။
ဆေးရုံမှာတုန်းက သမီးလေးကို တမင်ပြောမပြခဲ့တာပါ"
"မေမေရယ်။ သားလေးက သူ့ရဲ့ရင်သွေးတဲ့။ သမီးဘယ်လို----"
သူမရဲ့ နှုတ်ခမ်းကို မေမေက လက်ချောင်းလေးများဖြင့် အုပ်ကာလိုက်သည်။

"အဲလိုမပြောပါနဲ့ သမီး။ ကလေးလေးမှာ ဘာအပြစ်မှမရှိပါဘူး။ တကယ်တော့
သားသမီးတွေဟာ သူတို့မိဘကို ရွေးချယ်ပိုင်ခွင့် အခွင့်အရေးတွေ
မရှိကြရှာပါဘူး။ သိပ်သနားဖို့ကောင်းတဲ့ ကလေးလေးတွေပါ။
လူဖြစ်မယ်မကြံသေးဘူး။ မိဘရဲ့ ဆိုးမွေ၊ ကောင်းမွေကို ခံကြရရှာတာပါ။
လောကမှာ ယုတ်မာမိုက်ရိုင်းတဲ့ ဖခင်က မွေးလာတဲ့ ကလေးလေးတွေအားလုံး
ဖအေတူဖြစ်လာမယ်ဆိုတဲ့ နိယာမမရှိပါဘူး သမီးရယ်။ မောင်ကျော်စွာမင်းရဲ့
ဖခင်ဟာ လူကောင်းလား၊ လူဆိုးလား မေမေတို့ ဘယ်သိနိုင်ပါ့မလဲ။ ဒါပေမယ့်
သူ့ကိုဒီလိုဖြစ်အောင် လုပ်ခဲ့တာဟာ သူ့မိဘမဟုတ်ဘူးသမီး။ စနစ်လေ။ သူဟာ
စနစ်ရဲ့ သားကောင်ဘ၀၊ စစ်ကျွန်ဘ၀ကို သွတ်သွင်းခံလိုက်ရတာပါ။ သူ့မိဘနဲ့
မဆိုင်ပါဘူး။ ဒီလိုပဲ အခုသမီးရဲ့သားလေး၊ မေမေ့ရဲ့ မြေးလေးဟာလဲ
သူ့အဖေလိုပဲ ဖြစ်လာမယ်လို့ ဘယ်သူက တပ်အပ်ပြောနိုင်မှာလဲကွယ်။ ဒါမျိုးတွေ
မတွေးပါနဲ့ သမီးရယ်။ မြေးလေးကို သူ့အဖေရဲ့ အရိပ်မည်းတွေ မရှိတဲ့နေရာမှာ
ပြုစုပျိုးထောင်ပေးကြရမယ်။ မေမေ့မြေးလေး တသက်လုံး စစ်ကျွန်မဖြစ်စေရဘူး။
သမီးနားလည်တယ်နော်"

မေမေ့စကားသံအဆုံးမှာပဲ အခန်းထဲက သားလေးငိုသံကြားတော့ သူမအပြေးအလွှား
သွားရောက်ပွေ့ချီမိလေသည်။ သားလေးကို ချီထားရင်း သူမပြောမိတဲ့စကားက
"မေမေ့သားလေးဘယ်တော့မှ စစ်ကျွန်မဖြစ်စေရဘူး" ဟူသတည်း။

သို့ ..အမေ

အမေ...
ကြယ်ကြွေတွေ ကောက်ပြီး
လေထဲမှာ အိမ်ဆောက်မိသူက
ကျွန်တော်ပေါ့......
တိမ်တောက်တဲ့ ညနေတိုင်း...
ကောင်းကင်ကိုကြည့်ငေး
ကျွန်တော်မပါတဲ့...
မိသားစု ထမင်းဝိုင်းလေးဆီကို
စိတ်တွေကပြေးလို့...
အမေ့အနား...
ခုချက်ချင်း ရောက်သွားလိုက်ချင်တယ်.....။
အမေရေ...........
ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်လေ.......
အရှိန်အ၀ါတွေ ကင်းမဲ့တဲ့...
အိမ်အိုလေးထဲမှာ....
အမေ့ရင်ခွင် ပါးအပ်ရင်း.......
ကျွန်တော်.....
တစ်ရေးလောက်...
မှေးစက်ချင်တယ် အမေ......။

လောကထဲကို ဘာမှမသိဘဲ ရောက်လာပြီး ဘာမှမသိဘဲထွက်သွားချင်တဲ့ လူတစ်ယောက်ပါ.

Powered by Blogger.

Recent Comments | Recent Posts


Bloggerized by : GosuBlogger | designed by: Website Builder | Coded by: Blog Directory | Provided by: Wedding photojournalism chicago
bottom