သောက်စရာအရည်နဲ့ လူ့ဘဝ
Posted by : KyawZinHtun
on 11:38 AM
လူငယ်တော်တော်များများက ဘိလပ်ရည် (ကိုကာကိုလာ၊ စပရိတ်၊ ပက်စီ)ကို ကြိုက်ကြတယ်။ အဲဒီအရည်တွေက ချိုတယ်၊ စူးရှတယ်၊ ပြောင်းလဲမှုများတယ်။ လူငယ်တွေက သောကအရသာကို သိပ်မသိကြဘူး။ လူ့ဘဝရဲ့ ချဉ်၊ ခါး၊ ဖန်၊ စပ် အရသာကို နားမလည်ကြသေးဘူး။ သူတို့သိတာက ချိုတဲ့အရသာပဲဖြစ်တယ်။ သူတို့အကြည့်ထဲမှာ လောကကြီးဟာ အရသာစုံတဲ့ဘိလပ်ရည်ကြီးဖြစ်တယ်။
အရွယ်ရောက်လာတော့ လုပ်ငန်းခွင်ထဲဝင်ရပြီ။ ချစ်သူလည်း ရပြီ။ ဒီအချိန်မှာ ဘိလပ်ရည်ကနေ ကော်ဖီကို သူ စပြောင်းသောက်တယ်။ ကော်ဖီက ခါးတယ်၊ ချိုတယ်၊ မွှေးတယ်၊ ဖန်တယ်။ သူ့ကို ကြီးပြင်းရင့်ကျက်တဲ့ စိတ်လှုပ်ရှားပျော်ရွှင်မှုကို ခံစားစေတယ်။ အပြောင်းအလဲများပြီး ရှုပ်ထွေးတဲ့သူ့စိတ်နဲ့လည်း လိုက်ဖက်တယ်။ သူ့မှာရုန်းကန်နိုင်တဲ့ စိတ်ပြင်းပြမှုတွေ၊ အတွေးတွေရှိတယ်။ တစ်အိုးတစ်အိမ်ထူထောင်မယ့် လိုအပ်ချက်နဲ့ မျှော်လင့်ချက်လည်းရှိတယ်။ ဒါပေမဲ့ အလုပ်အကိုင်နဲ့အချစ်က သူ့ကို သောကတချို့ ပေးကောင်းပေးလိမ့်မယ်။ တစ်ခါတလေ အပြုံးနဲ့ သူမျက်ရည်ကျတတ်တယ်။ တစ်ခါတလေ အငိုနဲ့ သူရယ်မောတတ်လာတယ်။ သူခံစားရတယ်၊ သူငိုကြွေးရတယ်။ ကော်ဖီလို ချိုလိုက်၊ ခါးလိုက်၊ ဖန်လိုက်၊ မွှေးလိုက်.... ဒါပေမဲ့ ဒီလိုခံစား၊ ငိုကြွေးရတာကို သူပျော်နေတတ်တယ်။
လူလတ်ပိုင်းရောက်လာတော့ ရေနွေးကြမ်းသောက်တာကို သူနှစ်သက်လာတယ်။ ရေနွေးကြမ်းထဲက လက်ဖက်ခြောက်နံ့က သင်းလိုက် ပျောက်လိုက်၊ အချိန်အတိုင်းအဆမဲ့ ငြိမ်သက်အေးချမ်းတယ်။ ရေနွေးကြမ်းကိုသောက်လိုက်ရင် လျှာပေါ်မှာ ခါးသက်မွှေးကြိုင်တဲ့ရနံ့ တင်ကျန်ခဲ့တယ်။ နေရာတစ်ခု အတည်တကျရှိနေပြီဖြစ်တဲ့သူ့ဘဝမှာ သဘာဝမကျတဲ့၊ လက်တွေ့မဆန်တဲ့အမြင်ဆိုတာလည်း မရှိတော့ဘူး။ နောက်ပြီး နေဝင်ရီတရောမှာ ဆည်းဆာနေရဲ့အလှက တာရှည်မခံဘူးဆိုတဲ့ သဘောတရားကို သူနားလည်လာတော့ ဘဝထဲက တစ်စက္ကန့်၊ တစ်မိနစ်ကို သူတန်ဖိုးထားတတ်လာခဲ့တယ်။ သူ့ရဲ့နေ့ရက်တိုင်းကို ရိုးရှင်းပျော်ရွှင်တာနဲ့ပဲ သူကုန်ဆုံးစေခဲ့တယ်။
အရွယ်အိုမင်းလာတော့ ရေသောက်ရတာကို သူနှစ်သက်လာတယ်။ ရေထဲမှာ အချိုမပါဘူး။ ကော်ဖီမပါဘူး။ လက်ဖက်ခြောက်မပါဘူး။ ရိုးရိုးပလိန်းကြီးဆိုပေမယ့် နည်းနည်းချင်းငုံသောက်ရင် ချိုမြမြအရသာကို ရတယ်။ လူ့ဘဝမှာ သူမြင်တွေ့ခဲ့ဖူးတဲ့ အတက်အကျ ဒီရေလှိုင်းတံပိုးတွေ၊ သူတွေ့ကြုံခဲ့ဖူးတဲ့ အောင်မြင်၊ ကျရှုံးမှုတွေ ဒါတွေအားလုံးဟာ မျက်စိရှေ့က အခိုးအငွေ့တွေဖြစ်ခဲ့ကုန်ပြီ။ ကုလားထိုင်ပေါ် သူမှီထိုင်ရင်း နောက်ကြောင်းကို ဖြည်းဖြည်းချင်း ပြန်စဉ်းစားကြည့်မိတယ်။ အရာအားလုံး အားလုံးက ရေလို အရသာမဲ့ရိုးရှင်းနေခဲ့ပြီ..........
နိုင်းနိုင်းစနေ
အရွယ်ရောက်လာတော့ လုပ်ငန်းခွင်ထဲဝင်ရပြီ။ ချစ်သူလည်း ရပြီ။ ဒီအချိန်မှာ ဘိလပ်ရည်ကနေ ကော်ဖီကို သူ စပြောင်းသောက်တယ်။ ကော်ဖီက ခါးတယ်၊ ချိုတယ်၊ မွှေးတယ်၊ ဖန်တယ်။ သူ့ကို ကြီးပြင်းရင့်ကျက်တဲ့ စိတ်လှုပ်ရှားပျော်ရွှင်မှုကို ခံစားစေတယ်။ အပြောင်းအလဲများပြီး ရှုပ်ထွေးတဲ့သူ့စိတ်နဲ့လည်း လိုက်ဖက်တယ်။ သူ့မှာရုန်းကန်နိုင်တဲ့ စိတ်ပြင်းပြမှုတွေ၊ အတွေးတွေရှိတယ်။ တစ်အိုးတစ်အိမ်ထူထောင်မယ့် လိုအပ်ချက်နဲ့ မျှော်လင့်ချက်လည်းရှိတယ်။ ဒါပေမဲ့ အလုပ်အကိုင်နဲ့အချစ်က သူ့ကို သောကတချို့ ပေးကောင်းပေးလိမ့်မယ်။ တစ်ခါတလေ အပြုံးနဲ့ သူမျက်ရည်ကျတတ်တယ်။ တစ်ခါတလေ အငိုနဲ့ သူရယ်မောတတ်လာတယ်။ သူခံစားရတယ်၊ သူငိုကြွေးရတယ်။ ကော်ဖီလို ချိုလိုက်၊ ခါးလိုက်၊ ဖန်လိုက်၊ မွှေးလိုက်.... ဒါပေမဲ့ ဒီလိုခံစား၊ ငိုကြွေးရတာကို သူပျော်နေတတ်တယ်။
လူလတ်ပိုင်းရောက်လာတော့ ရေနွေးကြမ်းသောက်တာကို သူနှစ်သက်လာတယ်။ ရေနွေးကြမ်းထဲက လက်ဖက်ခြောက်နံ့က သင်းလိုက် ပျောက်လိုက်၊ အချိန်အတိုင်းအဆမဲ့ ငြိမ်သက်အေးချမ်းတယ်။ ရေနွေးကြမ်းကိုသောက်လိုက်ရင် လျှာပေါ်မှာ ခါးသက်မွှေးကြိုင်တဲ့ရနံ့ တင်ကျန်ခဲ့တယ်။ နေရာတစ်ခု အတည်တကျရှိနေပြီဖြစ်တဲ့သူ့ဘဝမှာ သဘာဝမကျတဲ့၊ လက်တွေ့မဆန်တဲ့အမြင်ဆိုတာလည်း မရှိတော့ဘူး။ နောက်ပြီး နေဝင်ရီတရောမှာ ဆည်းဆာနေရဲ့အလှက တာရှည်မခံဘူးဆိုတဲ့ သဘောတရားကို သူနားလည်လာတော့ ဘဝထဲက တစ်စက္ကန့်၊ တစ်မိနစ်ကို သူတန်ဖိုးထားတတ်လာခဲ့တယ်။ သူ့ရဲ့နေ့ရက်တိုင်းကို ရိုးရှင်းပျော်ရွှင်တာနဲ့ပဲ သူကုန်ဆုံးစေခဲ့တယ်။
အရွယ်အိုမင်းလာတော့ ရေသောက်ရတာကို သူနှစ်သက်လာတယ်။ ရေထဲမှာ အချိုမပါဘူး။ ကော်ဖီမပါဘူး။ လက်ဖက်ခြောက်မပါဘူး။ ရိုးရိုးပလိန်းကြီးဆိုပေမယ့် နည်းနည်းချင်းငုံသောက်ရင် ချိုမြမြအရသာကို ရတယ်။ လူ့ဘဝမှာ သူမြင်တွေ့ခဲ့ဖူးတဲ့ အတက်အကျ ဒီရေလှိုင်းတံပိုးတွေ၊ သူတွေ့ကြုံခဲ့ဖူးတဲ့ အောင်မြင်၊ ကျရှုံးမှုတွေ ဒါတွေအားလုံးဟာ မျက်စိရှေ့က အခိုးအငွေ့တွေဖြစ်ခဲ့ကုန်ပြီ။ ကုလားထိုင်ပေါ် သူမှီထိုင်ရင်း နောက်ကြောင်းကို ဖြည်းဖြည်းချင်း ပြန်စဉ်းစားကြည့်မိတယ်။ အရာအားလုံး အားလုံးက ရေလို အရသာမဲ့ရိုးရှင်းနေခဲ့ပြီ......
နိုင်းနိုင်းစနေ
Subscribe to:
Post Comments (Atom)
လောကထဲကို ဘာမှမသိဘဲ ရောက်လာပြီး ဘာမှမသိဘဲထွက်သွားချင်တဲ့ လူတစ်ယောက်ပါ.
Powered by Blogger.
0 comments:
Post a Comment